အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၂၉/၂၀၁၅
ရက်စွဲ။ ၂၄-၇-၂၀၁၅
NDF ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ခြင်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီများမှ ပေးပို့လာသော စာရင်းများအရ
ပြည်နယ်နှင့်တိုင်းများတွင် အောက်ပါအတိုင်း ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားပါသည်။
| စဉ် | တိုင်းဒေသကြီး ပြည်နယ် | ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အရေအတွက် | ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေ | ကိုယ်စားလှယ်ဦးရေ |
| ၁ | မွန်ပြည်နယ် | ၄ | ၁၆ | ၁၆ |
| ၂ | ပဲခူးတိုင်းဒေသကြီး | ၈ | ၂၄ | ၂၄ |
| ၃ | ရှမ်းပြည်နယ် | ၇ | ၂၃ | ၂၃ |
|
| စုစုပေါင်း | ၁၉ | ၆၃ | ၆၃ |
ဤစာရင်းမှာ ယခုရရှိထားသော စာရင်းများအရ ဖြစ်ပြီး ၀င်ရောက်ယဉ်ပြိုင်ရန် တိုးလာသော မြို့နယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
ကျန်ရှိနေသော ပြည်နယ်နှင့်တိုင်းများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် လူဦးရေစာရင်းကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment