Monday, June 22, 2015

NDF သတင်းထုတ်ပြန်ချက်အမှတ် ( ၂၄ / ၂၀၁၅)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့    

သတင်းထုတ်ပြန်ချက်အမှတ် ( ၂၄ / ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဇွန်လ(၂၂)ရက်

 

NDF ပါတီ ထားဝယ်ခရိုင်ရုံးနှင့် မြို့နယ်ရုံးဖွင့်လှစ်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရုံးနှင့် ထားဝယ်မြို့နယ်ရုံးဖွင့်ပွဲကို ၂၀-၆-၂၀၁၅ ရက်နေ့ မနက်၈း၀၀နာရီက ထားဝယ်မြို့ ကရပ်ပြင်(တောင်)၊ ရတနာမာန်အောင်လမ်း၊ အမှတ်(၂၂၃)၌ ကျင်းပပြုလုပ်ခဲ့သည်။ ထို့ဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ၊ တနင်္သာရီတိုင်း တာဝန်ခံ  ဦးတိုးပို၊ ဦးအောင်သက်၊ ဦးကြီးမြင့်နှင့် ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့ နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသော နိုင်ငံရေးပါတီများနှင့် ဧည့်သည်တော်များ စုစုပေါင်း တစ်ရာခန့်တက်ရောက်ခဲ့သည်။ ထားဝယ်ခရိုင်ရုံးကို ဦးအောင်သက်နှင့် ဦးဝင်းရှိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

        ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိ ပါတီဒုခေါင်းဆောင် ဦးတိုးပိုမှ ထားဝယ်ခရိုင်ရုံးဖွင့်လှစ်ရ ခြင်းအကြောင်းနှင့် NDF ပါတီ၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဒုဥက္ကဌ ဦးစိန်လှဦး မှ NDFပါတီပေါ်ပေါက်လာရသည့် အကြောင်းရင်းနှင့် ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ သည်။ NDF ပါတီ ရန်ကုန်တိုင်းလူငယ်တာဝန်ခံ ကိုကျော်ထက်မှ နိုင်ငံရေးတွင် လူငယ်များ ပါဝင်ဆောင်ရွက်ရန် လိုအပ်ချက်နှင့် လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ပါတီ၏ရပ်တည်ချက်၊ သဘောထား၊ ရှေ့လုပ်ငန်းစဉ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရည်မှန်းထားချက်များ၊ ထားဝယ်မြို့သူမြို့သားများအနေဖြင့် မိမိတို့၏မဲပေးပိုင်ခွင့်ကို အသုံးပြု၍ ခေတ် စနစ် ပြောင်းလဲရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို ပြောကြားခဲ့သည်။

ထားဝယ်မြို့မှ စာရေးဆရာ နေမင်းရာဇာ၏ မေးမြန်းချက်ကို ပါတီဥက္ကဌ မှ ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် သဘာပတိ ဦးတိုးပိုမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထားဝယ်မြို့အတွက် မိမိတို့ NDF ပါတီ ပြန်ရောက်လာပြီဖြစ်သဖြင့် ပြည်သူလူထု၏ လိုလားချက်များကို ပါတီအနေဖြင့် လွှတ်တော်တွင်း၊ လွှတ်တော်ပမှနေ၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက် ပေးရန် အသင့်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

ထိုရုံးဖွင့်ပွဲသို့ ထားဝယ်တိုင်းရင်းသားများပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ၈၈ပွင့်လင်း လူ့အဖွဲ့အစည်း(ထားဝယ်မြို)့တို့ တက်ရောက်ခဲ့ကြောင်းနှင့် ဗဟိုဌာနချုပ်ခေါင်းဆောင်များ ဖြစ်ကြသော ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဗဟိုသတင်းပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသော ဦးသာဆိုင်၊ ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်၊ ရန်ကုန်တိုင်းစည်းဝင်များဖြစ်ကြသော ဦးအောင်မျိုးနှင့် ဦးကျော်ထက်တို့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။  

 

 

NDF မုဒုံမြို့နယ်ရပ်ကျေးရုံးများဖွင့်လှစ်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မွန်ပြည်နယ် မုဒုံမြို့နယ်ရပ်ကျေးရုံးများဖွင့်ပွဲကို  ၂၁-၆-၂၀၁၅ ရက်နေ့က မုဒုံရပ်ကွက်(၁)၊ (၂)နှင့် ရက်ကွက်(၄)၊ တော်ကူးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲများ သို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကြီးမြင့်၊ ရန်ကုန်တိုင်းလူငယ်တာဝန်ခံ ဦးကျော်ထက်နှင့် မွန်ပြည်နယ် စည်းရုံးရေးမှူး ဦးအောင်ထွန်းနှင့် မုဒုံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

 

ကရင်ပြည်နယ်ဖားအံ့နှင့်ကျုံဒိုးမြို့နယ်များတွင် NDF ရပ်ကျေးရုံးများဖွင့်လှစ်

        ကရင်ပြည်နယ်စည်းရုံးရေးမှူး ဦးအောင်ဝင်းလှိုင်နှင့် ဦးစောကျော်ကျော်တို့ ဦးဆောင်မှုဖြင့် ကရင်ပြည် ဖားအံနှင့်  ကျုံဒုံးမြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ရပ်ကွက်ကျေးရွာရုံးမျာကို ဖွင့်လှစ်ခဲ့ ပါသည်။ ၂၀-၆-၂၀၁၅ ရက်နေ့တွင်ဘားအံမြို့နယ် မြပြည်ကျေးရွာရုံးကိုလည်းကောင်း၊ ၂၁-၆-၂၀၁၅ရက်နေ့တွင် အိန္ဒူကျေးရွာရုံးကိုလည်းကောင်း၊ ၂၂-၆-၂၀၁၅ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ် ကော့မလိုင်းကျေးရွာအုပ် ကျိုက်ပေါင်ကျေးရွာ ပါတီရုံးအား  ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

        ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒိုက်ဦးမြို့နယ်၊ ဥသျှစ်ကုန်း ကျေးရွာရုံးဖွင့်ပွဲကို ၂၀-၆-၂၀၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဥက္ကဌဦးမြတ်မိုး၊ ဒုဥက္ကဌ ဒေါ်မြင့်မြင့်ရီင်္နှင့် တိုင်းစည်းအဖွဲ့ဝင်များတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDF ကချင်ပြည်နယ် ဗန်းမော်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းပြီးစီး

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီကို အောက်ဖော်ပြပါပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

ဗန်းမော်မြို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှရွေးကောက်ပွဲအောင်နိုင်ရေကော်မတီ

     ဥက္ကဌ                  ဦးနော်အောင်ဂျာ

     ဒု-ဥက္ကဌ               ဒေါ်အိအိလွင်

     အတွင်းရေးမှူး                ဦးဇော်လွမ်

     အတွင်းရေးမှူး (၂)   ဦးခေါင်ဝေ

     ဘဏ္ဍာရေးမှူး                 ဒေါ်ဘန်အောင်

     စည်းရုံးရေးမှူး                 ဦးပီတာ

     စည်းရုံးရေးမှူး (၂)    ဦးကွန်မြန်နော်

      လူငယ်တာဝန်ခံ               ဒေါ်ခါဂျာ

      အဖွဲ့ဝင်              ဦးလဝေါမ်

၁၀     အဖွဲ့ဝင်               ဒေါ်ခေါန်နူး

No comments:

Post a Comment