Tuesday, June 16, 2015

NDF PRESS RELEASE 23-2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၂၃ / ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဇွန်လ(၁၆)ရက်

 

ထန်းတပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းအား NDF ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော်မရှင်မှ အသိအမှတ်ပြု

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီသို့ ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့သော ထန်းတပင်မြို့နယ် တသီး ပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းအား ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  ဇွန်လ(၉)ရက်နေ့၊ ကြေညာချက်အမှတ် (၁၅/၂၀၁၅)ဖြင့် အသိအမှတ်ပြုခဲ့ပါသည်။

        ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ် စားလှယ် ငါးဦးရှိသွားပြီဖြစ်ကြောင်းနှင့် ထိုကိုယ်စားလှယ်များမှာ ဦးစိုးဝင်း(စမ်းချောင်းမြို့နယ်)၊ ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်မြောက်ပိုင်း)၊ ဦးခိုင်မောင်ရည်(အလုံမြို့နယ်)၊ဦးအောင်ဇင်( ပုဇွန်တောင်မြို့နယ်)နှင့် ဦးစိန်ထွန်း (ထန်းတပင်မြို့နယ်၊ပဲခူးတိုင်း) တို့ ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

NDF ပါတီခေါင်းဆောင်များ တနင်္သာရီတိုင်းထားဝယ်မြို့သို့

စည်းရုံးရေးခရီး သွားရောက်မည်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် တနင်္သာရီတိုင်း ထားဝယ်မြို့သို့  ၁၇-၆-၂၀၁၅ရက်နေ့တွင် စည်းရုံးရေးခရီးသွား ရောက်ကြမည် ဖြစ်သည်။ ထိုခရီးစဉ်တွင်  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ CEC အဖွဲ့ဝင်များဖြစ်ကြသော ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးကြီးမြင့်၊ဦးထက်အောင်ကျော်နှင့် ရန်ကုန်တိုင်းလူငယ် ကိုကျော်ထက်တို့ လိုက်ပါသွားကြမည် ဖြစ်သည်။

၂၀-၆-၂၀၁၅ ရက်နေ့တွင် ထားဝယ်ခရိုင်ရုံးနှင့် ထားဝယ်မြို့နယ်ရုံးများကို ဖွင့်လှစ်မည်ဖြစ်ပြီး ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်မည် ဖြစ်သည်။ ပါတီအနေဖြင့် ထားဝယ်လေးမြို့နယ်တွင် ပါတီရုံးများဆက်လက်ဖွင့်လှစ်မည့် အစီအစဉ် ရှိကြောင်း သိရပါသည်။

        NDF ပါတီအနေဖြင့် ၂၀၁၅ရွေးကောက်ပွဲတွင်ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ နေရာပြည့် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDFပါတီ ရပ်ကျေးရုံးများ ဆက်လက်ဖွင့်လှစ်မည်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကရင်ပြည်နယ်စည်းရုံးရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကရင်ပြည်နယ် ဖားအံမြို့နယ်၊ခရဲကမ်းနားကျေးရွာအုပ်စုရုံးကိုဒူရိန်ကျေးရွာတွင် ဇွန်လ ၂၂ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ အိန္ဒုပါတီရုံး၊မြပြည်ပါတီ၇ုံးနှင့် လှိုင်းဘွဲ.မြို.နယ်ကျိုက်ပေါင်ပါတီရုံးအား ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။

မွန်ပြည်နယ်စည်းရုံးရေးကော်မတီ၏ဦးဆောင်မှုဖြင့် မုဒုံမြို့နယ် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄)ရပ်ကွက်ရုံး များနှင့် တော်ကူးကျေးရွာရုံးများကို ဇွန်လ ၂၁ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

၁၄-၆-၂၀၁၅ရက်နေ့တွင်လည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက်ရုံးဖွင့်လှစ်ပွဲကို ပြုလုပ်ခဲ့ သည်။ ၂၉-၅-၂၀၁၅ရက်နေ့တွင်လည်း  ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ် နန့်ဝါအုပ်စု မုတ်ကျိတ်ကျေးရွာ တွင် NDF ပါတီ ရပ်ကျေးရုံးဖွင့်လှစ်ခဲ့သည်။

 

ဒေါပုံမြို့နယ်တွင် Ndf ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်မှုများကို

ပြည်သူသို့အသိပေးခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေါပုံမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ လွှတ်တော်တွင်းဆောင်ရွက်ချက်များကို ပြည်သူသို့အသိပေးခြင်းနှင့် ပြည်သူ့ဆန္ဒသဘောထားစစ်တမ်းကောက်ယူမှု လှုပ်ရှားမှုကို ၁၄-၆-၂၀၁၅ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည်။

        ထိုလှုပ်ရှားမှုသို့ ရန်ကုန်တိုးစည်းရုံးရေးကော်မတီဝင်များ၊ ၂၀၁၅ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း အတွင်း NDF ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ NDF လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းဆောင်ရွက်ချက် ပန်းဖလက် များကိုဖြန့်ဝေခြင်းနှင့် ပြည်သူတို့ဖြစ်စေချင်သော ဆန္ဒသဘောထားများကို မေးမြန်းမှတ်တမ်းတင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment