Tuesday, December 30, 2014

NDF ပါတီ လွှတ်တော်တွင်းလုပ်ဆောင်ချက်များတင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူပွဲစမ်းချောင်းမြို့နယ်တွင် ပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၆၀/၂၀၁၄)

ရက်စွဲ။  ၃၀-၁၂-၂၀၁၄

 

NDF ပါတီ လွှတ်တော်တွင်းလုပ်ဆောင်ချက်များတင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူပွဲစမ်းချောင်းမြို့နယ်တွင် ပြုလုပ်

        အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ၏ လွှတ်တော်တွင်းလုပ်ဆောင်ချက်များအား ပြည်သူများအား အသိပေးတင်ပြခြင်းနှင့် ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူပွဲလှုပ်ရှားမှုကို ၃၀-၁၂-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

        ထိုစစ်တမ်းကောက်ယူပွဲတွင်  NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီဝင်များနှင့် စမ်းချောင်း၊ မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ ဒလနှင့် တွံတေးမြို့နယ်များမှ ပါတီဝင် များ  ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

        စမ်းချောင်းမြို့နယ်အတွင်းရှိ စမ်းချောင်း ဂွဈေး၊ သိရိခေမာလမ်း၊ ဟုမ်းလမ်း၊အောင်ချမ်းသာလမ်း၊ စမ်း ချောင်းတောင်၊ ရှင်စောပုလမ်း။ ကျွန်းတောလမ်း၊ မြင့်မိုရ်လမ်း၊ သံတံတားလမ်း၊ တရုတ်ကျောင်းလမ်း၊ ဗဟိုလမ်း များသို့ သွားရောက်၍ ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်ချက်များ ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းနှင့် ပြည်သူ လူထုဆန္ဒကို မေးမြန်းထားသော စစ်တမ်းကို စိတ်ဝင်စားသူပြည်သူများအား မေးမြန်း ၍  ကောက်ယူခဲ့သည်။ ထိုဆောင်ရွက်မှုသည် ညနေ ၃း၀၀ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

        မကြာမီ ထိုကဲ့သို့လှုပ်ရှားမှုများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ညွှန်ကြားချက်အရ တိုင်းနှင့် ပြည်နယ် စည်းရုံးရေးကော်မတီအသီးသီးတို့က သက်ဆိုင်ရာဒေသများအလိုက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

 

လွတ်လပ်ရေးနေ့ဗိုလ်ရှုသဘင်နှင့် ညစာ  စားပွဲသို့  NDF ပါတီဥက္ကဌ တက်ရောက်မည်။

        နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနား ဗိုလ်ရှုသဘင်နှင့် လွတ်လပ် ရေးနေ့ ညစာစားပွဲအခမ်းအနားသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ တက်ရောက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

 

နေပြည်တော်တွင် ဇန်န၀ါရီလ(၅)ရက်နေ့တွင် UDP  ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ကမကထ ပြုလုပ်ကျင်းပမည့်  ငြိမ်းချမ်းရေးအတွက်လူထုပါဝင်နိုင်မည့် နည်းလမ်း များထုတ်ဖော်ရေး ပါတီစုံဆွေးနွေးပွဲသို့ NDF ပါတီမှ အတွင်းရေးမှူး(၂) ဦးနေမင်းကျော် တက်ရောက်မည် ဖြစ်သည်။ ဦးနေမင်းကျော်သည် ၅၆ပါတီမှ နိုင်ငံရေးဆွေးနွေးပွဲမှုဘောင်ရေးဆွဲရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

 

No comments:

Post a Comment