Sunday, August 24, 2014

NDF သတင်းထုတ်ပြန်ချက် ၃၆-၂၀၁၄

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (   ၃၆ / ၂၀၁၄)

ရက်စွဲ။         ၂၄-၈-၂၀၁၄

 

NDF ရေစကြိုမြို့နယ်ရုံးဖွင့်လှစ်

         မကွေးတိုင်းဒေသကြီ၊ ရေစကြိုမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြို့နယ်ရုံးဖွင့်လှစ်ပွဲကို ၂၃-၈-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဖွင့်ပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးတိုးတိုး၊ ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်နှင့်  ဦးအေးမင်းထွန်း၊ ဗဟိုအလုပ်ကော်မတီဝင် ဦးမင်းမင်းထွန်း၊  အလုံမြို့နယ်ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ မကွေးတိုင်းစည်းရုံးရေး ကော်မတီဝင်များ၊ ပခုက္ကူနှင့် ရေစကြိုမြို့နယ်များ မှ မြို့နယ်စည်းများ ၊ပါတီဝင်များ စုစုပေါင်း (၆၀)ခန့် တက်ရောက်ခဲ့ကြသည်။

         သဘာပတိအဖြစ် ဦးစန်းယုနှင့်  အခမ်းအနားမှူးအဖြစ် ဦးဟန်ရှင်ဝင်တို့က ဆောင်ရွက်ခဲ့ကြပြီး  ပထမဦးစွာ ရေစကြိုမြို့နယ်ဥက္ကဌ ဦးမြင့်အောင်နှင့် ဦးခိုင်မောင်ရည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဦးကြီးမြင့်၊ ဦးအေးမင်းထွန်းတို့က ဆိုင်းဘုတ်ကိုဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်အလံနှင့်ပါတီအလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခြင်း၊ သဘာပတိ ဦးစန်းယုမှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့်ပါတီခေါင်းဆောင်များအား ဦးမင်းမင်းထွန်းမှ မိတ်ဆက်ပေးခဲ့သည်။

         ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထက်အောင်ကျော်မှ ပါတီ၏မူဝါဒလမ်းစဉ်များကို ရှင်းလင်းပြော ကြားခဲ့ပြီး ဦးကြီးမြင့်မှူပါတီအနေဖြင့်လွှတ်တော်တွင်းဆောင်ရွက်နေသော အဆို၊မေးခွန်းနှင့် ဥပဒေကြမ်းများ။ အောင်မြင်ခဲ့သောဆောင်ရွက်မှုများနှင့် ဆက်လက်လုပ်ဆောင်နေသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ မကွေးတိုင်း ဒုဥက္ကဌ ဦးဇော်ကြီးမှ တိုင်းအတွင်း ဆောင်ရွက်နေမှုများကို  ရှင်းလင်းပြော ကြားခဲ့ပြီး တိုင်းအတွင်ရေးမှူး ဦးအေးမင်းထွန်းမှ တိုင်းဆောင်ရွက်ချက်များနှင့် ရေစကြိုမြို့နယ်အတွင်း ဆောင်ရွက်ပေးခဲ့ မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဗဟို လူငယ်တာဝန်ခံ ဦးကျော်သူရမှ လူငယ်များအတွက် ဆောင်ရွက်နေမှု များကို ပြောကြားခဲ့သည်။

         ရေစကြိုမြို့နယ်အတွင်း လယ်သမားများ၏ အကူအညီတောင်းခံမှုစာများကို လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှ လက်ခံယူပြီး ရေစကြိုမြို့နယ်တွင် NDF ပါတီဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူလူထု ကို အကူအညီပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများ၊ လွှတ်တော်အတွင်း ဆောင်ရွက်ခဲ့မှုများ အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။

         ထို့နောက် မြို့နယ်ဥက္ကဌ ဦးစန်းယုမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရုံးဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း ၃၀နာရီတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

         NDF ပါတီခေါင်းဆောင်များအနေဖြင့် ရေစကြိုမြို့နယ်ရှိ မြတ်စေတနာ အခမဲ့ပညာဒါနကျောင်းသို့ ၀င်ရောက်လေ့လာခဲ့ပြီး  ဆောင်ရွက်နေမှုများနှင့်လိုအပ်ချက်များကို မေးမြန်းခဲ့ကြပါသည်။

 

 

 

အချိုးကျကိုယ်စားပြုစနစ် ပီအာ အကြောင်း NDF  ပါတီဌာနချုပ်တွင် ဆွေးနွေးပွဲပြုလုပ်

         အချိုးကျကိုယ်စားပြုမဲပေးစနစ် PR နှင်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် ဆွေးနွေးပွဲတစ်ရပ်ကို ၂၂-၈-၂၀၁၄ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထို ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊  ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ စုစုပေါင်း (၄၀)ဦး  တက်ရောက်ဆွေးနွေးခဲ့ကြသည်။

         ဆွေးနွေးပွဲတွင်  ပြင်ပ ပညာရှင် ဦးနိုင်လင်းထွန်းမှ ရွေးကောက်ပွဲစနစ်များအကြောင်း။ အချိုးကျကိုယ် စားပြုစနစ်အကြောင်၊ မြန်မာနိုင်ငံရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ သုံးသပ်မှုများ၊ မြန်မာနိုင်ငံ၏ လွှတ်တော်စနစ်နှင့် ပြည်သူ့လွှတ်တော်အနေအထားများ၊ ကျင့်သုံးရာတွင် အားသာချက်၊အားနည်းချက်များ အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဦးနိုင်လင်းထွန်း၊ ဦးခင်မောင်ဆွေနှင့် ဦးတိုးတိုးတို့မှ  ရှင်းလင်းပြောကြားခဲ့ပြီး  ဆွေးနွေးပွဲကို ညနေ ၃း၃၀နာရီတွင် ရုပ်သိမ်းခဲ့သည်။

 

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီလှုပ်ရှားမှုများ

         ကချင်ပြည်နယ်ဥက္ကဌ ဒေါ်ဘောက်ဂျာ ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်းဖြစ်ပွားနေသော မြေယာကိစ္စ များနှင့် အခြားစည်းရုံးရေးကိစ္စများကို  ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲများကို ၂၁-ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ကချင်ပြည်နယ် မြစ်ကြီးနာ။ တနိုင်း၊ မိုးကောင်းမြို့နယ်ရုံးများတွင် ပြုလုပ်ခဲ့သည်။ ထိုရှင်းလင်းပွဲများကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦအောင်ဇင်တို့  တက်ရောက်ဆွေးနွေးခဲ့သည်။

  လာမည့် ၂၇-၈-၂၀၁၄ ရက်နေ့တွင် ကချင်ပြည်နယ်စည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့်  မိုးညှင်းမြို့နယ်  NDF ပါတီရုံးဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးထက်အောင်ကျော်၊ ဦးအေးမင်းထွန်း၊ ဦးကျော်အောင်နှင့် ဗဟိုလူငယ် ဦးကျော်သူရ၊ မန္တလေးတိုင်းမှ ဗဟိုအလုပ်ကော်မတီဝင်များ ဖြစ်ကြသော ဦနန်းထိုက်ဇော်နှင့် ဦးမြင့်ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မြ၀တီခရိုင် NDF မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော Peace Education Training သင်တန်း ပို့ချ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြ၀တီခရိုင်တာဝန်ခံ ဦးအောင်ဝင်းလှိုင် ဦးစီး၍ ကရင်ပြည် နယ်မြဝတီခရိုင်သင်္ယန်းညီနောင်ကျေးရွာအုပ်စု တွင်အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကကြီးမှူးကျင်းပသော ဒုတိယကြိမ်မြောက် Peace Education Training အား ယနေ့  ( 24.8.2014 ) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။  လက်ရှိ Peace process များအား ပြည်သူအများ နားလည်ရေးနှင့် ပြည်သူများ အနေဖြင့် Peace စကားလုံးကို နားလည်နိုင်ရေးအတွက် သင်ကြားခဲ့သော Peace Education Training အားပြန်လည် မျှဝေပေးခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတွင်တတ်နိုင်သမျှလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း  သင်တန်းတာဝန်ခံ ဦးအောင်ဝင်းလှိုင်မှ သင်တန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

        

No comments:

Post a Comment