Sunday, August 10, 2014

NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီရုံးဖွင့်ပွဲ ပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၅-၂၀၁၄)

ရက်စွဲ။၁၀-၈-၂၀၁၄

 

NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီရုံးဖွင့်ပွဲ ပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပဲခူးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီရုံးဖွင့်ပွဲ အခမ်းအနားကို ၁၀-၈-၂၀၁၄ရက်နေ့ ၊နံနက် ၉း၀၀ နာရီတွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊  ပဒေသာရပ်ကွက်ရှိ ဦးသက်လင်း နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထို ဖွင့်ပွဲအခမ်းအနားသို့  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များနှင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးမြတ်မိုးနှင့် တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြိုနယ်စည်းများ၊ ပါတီဝင်များ  တက်ရောက်ခဲ့ကြသည်။

         အခမ်းအနားတွင် တက်ရောက်လာကြသူများနှင့် ဌာနချုပ်ခေါင်းဆောင်များကို မိတ်ဆက်ပေးပြီး ပဲခူးတိုင်းဥက္ကဌ ဦးမြတ်မိုးမှ ပဲခူးတိုင်းရုံးဖွင့်လှစ်ပွဲပြုလုပ်ရခြင်း အကြောင်းရင်းများကို မိတ်ဆက်ပြောကြားခဲ့ပြီး ဗဟိုအလုပ်ကော်မတီဝင် ဒေါ်နန်းကြူသန်းဝင်းက ပဲခူးတိုင်းအတွင်း ပါတီ၏လုပ်ဆောင်ချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထက်အောင်ကျော်က  ပါတီ၏မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ပါတီရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဌာနချုပ်ပဲခူးတိုင်းအားဖြည့်စည်းရုံးရေးတာဝန်ခံ ဦးနေမင်း ကျော်မှ ပဲခူးတိုင်းစည်းရုံးရေးလုပ်ဆောင်မှုအနေအထားများကို ရှင်းလင်းပြောကြားခဲ့ပြီး  လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ဇင်မှ လွှတ်တော်အတွင်း မြေယာကိစ္စဆောင်ရွက်နေမှုများနှင့်  အချိုးကျကိုယ်စားပြုစနစ် ပီအာ အားတင်သွင်းခဲ့ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

         ထို့နေုာက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ပါတီဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အနေအထားများ၊ ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီအနေဖြင့် ရှေ့ဆက်သွားရမည့် လမ်းစဉ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည့်အခြေအနေများ၊ ပါတီဝင်များ ထားရှိရမည့် စိတ်ထားများကို ရှင်းလင်း ပြောကြားခဲ့သည်။

         တက်ရောက်လာသူများမှ မိမိတို့ သိရှိလိုသည်များနှင့် ဆောင်ရွက်ပေးရန်ကိစ္စများကို တင်ပြကြရာ ဦးခင်မောင်ဆွေ၊ ဦးအောင်ဇင်နှင့် ဦးမြတ်မိုးတို့မှ ပြန်လည်ဖြေကြားခဲ့ကြပြီး ပဲခူးတိုင်းရုံးဖွင်ပွဲအခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။



MPC တွင်ပြုလုပ်မည့်  နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲသို့ ပါတီခေါင်းဆောင်များ တက်ရောက်ရန်ရှိ။

၁၁-၈-၂၀၁၄ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်မည့်  မြန်မာ့ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ နှင့်  အထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့ တက်ရောက်မည်ဖြစ်သည်။


No comments:

Post a Comment