|
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁/၂၀၁၉)
ရက်စွဲ။ ၂၁-၅-၂၀၁၉
ဗဟိုစည်းရုံးရေးကော်မတီတာဝန်များ သတ်မှတ်ခြင်း
၂၀-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၊ စုံညီ အစည်းအဝေး(၃/၂၀၁၉)ဆုံးဖြတ်ချက်များအရ ဗဟိုစည်းရုံးရေးကော်မတီ တာဝန် များကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်။ သက်ဆိုင်ရာ ပြည်နယ်၊တိုင်းစည်းရုံးရေးကော်မတီများ အနေဖြင့် ပါတီစည်းရုံးရေးဆိုင်ရာကိစ္စများကို သက်ဆိုင်သူများနှင့် အကြောင်းကြားဆက်သွယ်ကြရန် ဖြစ်ပါ သည်။
၁။ ကချင်ပြည်နယ် ဦးခင်မောင်ဆွေ၊ ဦးသက်ထွန်းမောင်
၂။ ကယားပြည်နယ် ဦးတိုးပို၊ ဦးကျော်ထက်
၃။ ကရင်ပြည်နယ် ဦးအောင်ဇင်၊ ဦးတိုးတိုး
၎။ တနင်္သာရီတိုင်း ဦးတိုးပို
၅။ ပဲခူးတိုင်း ဒေါ်နန်းကြူသန်းဝင်း
၆။ မကွေးတိုင်း ဦးအေးမင်းထွန်း
၇။ မန္တလေးတိုင်း/စစ်ကိုင်းတိုင်း ဦးသက်ထွန်းမောင်၊ ဦးနန်းထိုက်ဇော်၊ ဦးကျော်ထက်
၈။ မွန်ပြည်နယ် ဦးကြီးမြင့်
၉။ ရန်ကုန်တိုင်း ဦးကျော်ထက်၊ ဦးအောင်ပြည့်ဖြိုးမောင်
အထူးစည်းရုံးရေးတာဝန် ဦးသာဆိုင်
၁၀။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဦးတိုးတိုး
ရှမ်းပြည်နယ်(တောင်ပိုင်း) ဦးခင်မောင်ဆွေ၊ဒေါ်မြင့်မြင့်မော်၊ဦးတိုးတိုး
၁၁။ ဧရာဝတီတိုင်း ဒေါက်တာဝင်းနိုင်၊ဦးသက်ထွန်းမောင်၊ ဦးကြီးမြင့်
၁၂။ နေပြည်တော် ဦးအောင်ဇင်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း
၂၀၁၉ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ စုံညီအစည်းအဝေး(၃/၂၀၁၉) တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများမှ စာရင်းတင်သွင်းလာသော အမျိုးသမီးကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း မည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
Intellectual and Professional Advisory Committee(IAPAC) ဖွဲ့စည်းမည်။
၂၀-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ၊ စုံညီ အစည်းအဝေး(၃/၂၀၁၉)ဆုံးဖြတ်ချက်များအရ ပြင်ပပညာရှင်များနှင့် ပညာရပ်ပိုင်း ဆိုင်ရာကျွမ်းကျင်သူများပါဝင်သော ပြင်ပအကြံပေးကော်မတီ Intellectual and Professional Advisory Committee (IAPAC)ကို ဖွဲ့စည်းမည် ဖြစ်သည်။
No comments:
Post a Comment