အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
အောင်ပန်းမြို့ဗိုလ်မှူးကြီးဗထူးကျောက်တိုင် ဖျက်ဆီးပြောင်းရွေ့ခြင်းနှင့်ပတ်သက်၍
သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၉-၃-၂၀၁၉
၂၈-၃-၂၀၁၉ ရက်နေ့တွင် နှစ်ပေါင်း၇၀ကျော် တည်ရှိခဲ့သော အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင်အား လမ်းနယ်မြေနှင့်မလွတ်ကင်းသဖြင့် ဖျက်ဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
ထို အထိမ်းအမှတ်ကျောက်တိုင်သည် နှစ်ပေါင်း၇၀ကျော်မျှ တည်ရှိခဲ့ပြီး မြန်မာ့တော်လှန်ရေး သူရဲကောင်းကြီးနှင့် သူရဲကောင်းရဲဘော်(၂၆)ဦး၏ အထိမ်းအမှတ်ဖြစ်သကဲ့သို့ သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်တိုင်တစ်တိုင်လည်း ဖြစ်ပေသည်။
နောက်နောင်တွင် သမိုင်းဝင်အဆောက်အဦများကို ဤကဲ့သို့လွယ်လင့်တကူ ဖျက်ဆီးပြောင်းရွေ့ခြင်း မျိုးကို စဉ်းစားချင့်ချိန်၍ လုပ်ကိုင်ဆောင်ရွက်ကြပါရန် အကြံပြုလိုပါသည်။
ထိုဖျက်ဆီးခံရသော ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင်အစား တင့်တယ်ခမ်းနားသော အထိမ်းအမှတ်အဆောက်အဦတစ်ခု၊ ဆောက်လုပ်ပေးရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီက အလေးအနက်တိုက်တွန်းပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ရန်ကုန်မြို့
No comments:
Post a Comment