ရခိုင်ပြည်နယ်စပ်ဒေသရဲစခန်းများ တိုက်ခိုက်ခံရမှုအပေါ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၅-၁-၂၀၁၉
၁၂-၁၂-၂၀၁၈ရက်နေ့တွင် (MNDAA -မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်၊ TNLA- ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး နှင့်AAရက္ခိုင်တပ်မတော်) အဖွဲ့သုံးဖွဲ့တို့က စစ်ရေးဆောင်ရွက်ချက်များကို ဦးစွာရပ်တန့်၍ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက် လက်ပါဝင်သွားမည်ဟု သဘောထားထုတ်ပြန်ခဲ့ပါသည်။ တပ်မတော်ဘက်မှလည်း တိုင်းစစ်ဌာနချုပ-်၅ခုကို ၂၀၁၉၊ဧပြီလ(၃၀)ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းပေးမည်ဟု ထုတ်ပြန်ကြေ ညာထားပြီးဖြစ်သည်။ ထိုကြေညာချက်များကြောင့် ပြည်သူအများ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ဝမ်းသာ လျှက် ရှိနေကြပါသည်။
သို့ရာတွင် ရခိုင်ဒေသရှိ တိုင်းစစ်ဌာနချုပ်၏ စစ်ရေးဆောင်ရွက်ချက်မျာကိုပါ ရပ်ဆိုင်းပေးပါမှ ငြိမ်း ချမ်းရေးဖြစ်စဉ်များတွင် ဆက်လက်ပါဝင်နိုင်မည်ဟု AAအဖွဲ့ပါဝင်သော မြောက်ပိုင်းအဖွဲ့မှ ကိုယ်စားပြုထုတ် ပြန်ခြင်းဖြစ်ကြောင်း တွေ့ရသည်။ သို့သော် AAရခိုင်လက်နက်ကိုင်အဖွဲ့သည် စစ်ရေးဆောင်ရွက်ခြင်းမပြု သည့် နယ်စပ်ဒေသရဲစခန်းများကို (၄-၁-၂၀၁၉)ရက်နေ့မနက်ပိုင်းက အလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ၏ အသက်ဆုံးရှုံးရမှုများကို ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီအ နေဖြင့် ၀မ်းနည်းရပါသည်။
AAအဖွဲ့သည် ယခင်က ARSAအကြမ်းဖက်သကဲ့သို့ လုံခြုံရေးရဲစခန်းများကို စီးနင်းတိုက်ခိုက် လာ ခြင်းသည် တပ်မတော်နှင့် စစ်ရေးအားပြိုင်မှုသက်သက်မဟုတ်တော့ဘဲ ဒေသတွင်း၌ မလုံမခြုံဖြစ်စေရန် အစီအ စဉ်ရှိရှိ ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ AAအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုမှာ အဖျက်အမှောင့် လုပ်ရပ်ဖက် သို့ ကူးပြောင်းလာပြီး ရခိုင်ပြည်နယ်အတွင်း ဘက်စုံမတည်မငြိမ်ဖြစ်ရန်၊ ပလက်ဝဒေသ ချင်းတောင်ခြေရင်းမှ ကျောက်တော်၊ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းအထိ လှုပ်ရှားစစ်များ ဆက်တိုက်ဆင်နွဲခဲ့သည်။ ထို့နောက် ၄င်းတို့၏ အဓိကပစ်မှတ် ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသ မငြိမ်မသက်ဖြစ်ရေး ကြိုးပမ်းမှုကို လုပ်ဆောင်လာ ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်များကို သုံးသပ်ရပါက-
၁။ AAအဖွဲ့၏နောက်တွင် စစ်ရေးအထောက်အပံ့ ကောင်းစွာပံ့ပိုးမှု ရှိနေခြင်း။
၂။ စစ်ရေးသာမက နိုင်ငံရေးရပ်တည်ချက်အတွက် အစီအစဉ်ရှိရှိ ထောက်ပံ့လျှက်ရှိနေခြင်း၊
၃။ ရှေးခေတ်ရခိုင်နိုင်ငံတော်ပုံရိပ်ကို ပြန်လည်မြှင့်တင်၍ ရခိုင်မျိုးချစ်စိတ်များ ပြန့်နှံ့လှုပ်ရှားစေခြင်း၊
၎။ ဤသို့ဖြင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်တည်ရေးလမ်းစဉ်မှ သွေဖယ်စေလိုခြင်း၊
၅။ ပြည်တွင်း၌ ငြိမ်းချမ်းရေးမလိုလားသူများနှင့် ပြည်ပမှ ပထ၀ီနိုင်ငံရေးကစားလိုသူများ၏ ကြိုးဆွဲခံနိုင်ငံ ရေးရုပ်သေးရုပ်အဖြစ် AAအဖွဲ့ကို အသုံးချနေခြင်း။
၆။ ဒုက္ခသည်များဆိုင်ရာ(၁၉၅၁)ဂျီနီဗာစာချုပ်အပြင် မြန်မာနိုင်ငံက ပါဝင်လက် မှတ်ရေးထိုးခဲ့သော နိုင်ငံ တကာမှ ပြောင်းရွေ့ဝင်ရောက်လိုသူများ လက်ခံရေး ၂၀၁၈ (Global Pact on Immigration) စာချုပ် အရ လူအုပ်စုလိုက် နိုင်ငံအတွင်း ရွေ့ပြောင်းဝင်ရောက်ရေးသဘောတူချက်များအတွက် ရခိုင်ဒေသ တွင် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးမုန်တိုင်းကျစေရန် အချိန်ကိုက်ဖန်တီးခြင်း။
၇။ ရဲစခန်းများအပေါ် တိုက်ခိုက်သည့်လုပ်ရပ်အား သာမန်ဝင်ရောက်စီးနင်းခြင်းဟု မမြင်သင့်ဘဲ အချုပ် အခြာအာဏာနှင့်နယ်မြေပွန်းပဲ့ထိပါးစေရေး ဆောင်ရွက်မည့်တပ်ဦးတွင် AAအဖွဲ့သည် နောက်ကကြိုး ဆွဲနေသည့် လက်မဲကြီးများစေခိုင်းသမျှ မားမားရပ်နေခြင်းဟု ရှုမြင်ရပါမည်။
ထို့ကြောင့် အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးနှင့် ပိုင်နက်နယ်မြေဖဲ့ထွက်နိုင်ရန် ထိပါးမှုတို့ကို မျှော်တွေး၍ ကျွန်ုပ်တို့NDFပါတီက ပြည်သူများသိသာစေရန်နှင့် တာဝန်ရှိအာဏာပိုင်အဖွဲ့ အစည်းတို့မှ ထိရောက်ပြတ်သားစွာ တားဆီးကာကွယ်ပေးရန် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment