အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
တပ်မတော်ထိုးစစ်များရပ်ဆိုင်းမှုအပေါ် သဘောထားထုတ်ပြန်ချက်
ရက်စွဲ ။ ဒီဇင်္ဘာလ(၂၁)ရက်၊၂၀၁၈။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ထုတ်ပြန်သောကြေညာချက်တွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်(၅) ခုအား စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးမည်ဟု ပါရှိပါသည်။ တပ်မတော်သည် (၄) လ ကျော်ခန့် ထိုးစစ်များကို ရပ်ဆိုင်း၍၊ ဤကဲ့သို့ စစ်ရပ်ဝန်းစိုးမိုးမှုကို ပဓါနမထားပဲ နိုင်ငံရေးယုံကြည်မှု ပိုမိုရရှိစေရန် ပြုမူ ဆောင်ရွက်ချက်သည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြောင်း ပြသသည့် လုပ်ရပ်ဖြစ်၍ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ အလေးအနက် ကြိုဆိုအပ်ပါသည်။
ထို့အတူ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် Ethnic Armed Organizations (EAO) အဖွဲ့များအနေဖြင်၊့ ဤအခြေအနေကို အရယူ၍ နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းပေါ်သို့ လှမ်းတက်ကာ အချိန်မနှောင်းမှီ ငြိမ်းချမ်းရေးခရီးကို ဆက်လက်လျောက်လှမ်းကြပါရန် ကျွန်ုပ်တို့(NDF) ပါတီ က လေးနက်စွာ တောင်းဆိုတိုက်တွန်းအပ်ပါသည်။
ဗဟိုအလုပ်မှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ
No comments:
Post a Comment