Wednesday, September 19, 2018

NDF PARTY သတင်းထုတ်ပြန်ရေးအဖွဲ့ သဘောထားထုတ်ပြန်ချက်20-9-2018


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သဘောထားထုတ်ပြန်ချက်

ရက်စွဲ။၂၀-၉-၂၀၁၈

        ယခု ရက်ပိုင်းအတွင်း၌ ရွှေတိဂုံ ဘုရားရွှေသင်္ကန်းနှင့်ပတ်သက်၍  "စစ်တယ်၊မစစ်ဘူး" စသဖြင့် သတင်းမျိုးစုံထွက်ပေါ်လာနေပါသည်။ ထိုသတင်းများကို အခြေခံ၍ အမျိုးမျိုးသော ထင်မြင်ချက်များ၊ ယူဆ ချက်များနှင့်အတူ ဗုဒ္ဓဘာသာဝင်များအလေးထားကိုးကွယ်သော ရွှေတိဂုံစေတီတော်နှင့် မဟာမြတ်မုနိရုပ်ရှင် တော်မြတ်တို့ကို အချင်းချင်းစကားပြောဟန်ရေးအသားမျိုး သတင်းမီဒီယာများတွင် ထွက်ရှိလာသည်ကို NDFသတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် ဖတ်ရှုသိရှိရပါသည်။  

        ဤကဲ့သို့ သရော်စာဆန် ဆန်ရေးသားမှုသည် ဗုဒ္ဓဘာသာဝင်တို့၏စိတ်နှလုံးကို နာကျင်စေမည် ဖြစ်ပါသည်။ ယခုထက်ကောင်းသော စကားတန်ဆာများဖြင့် ရေးဖွဲ့သင့်ပါသည်။ ဘုရားနှစ်ဆူကို အချီအချ စကားပြောဟန် ရေးသားမှုတွင်  ရွှေတိဂုံဘုရားအား "အရင်ဘ၀က ရွှေအတုရောင်းခဲ့ဖူးသလား "  စသည့် အရေးအသားသည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာစေတီတော်ကြီးကို နိမ့်ချလှောင်ပြောင်သည့် သဘောသက်ရောက်နေပါ၍ လုံးဝမဖော်ပြသင့်သော ရေးသားမှုဟု မှတ်ချက်ပြု ဝေဖန်နေကြပြီ ဖြစ်ပါသည်။

ထို့ကြောင့် ရွှေတိဂုံဘုရား "ရွှေစစ်သည်-မစစ်ဘူး"ဟူ၍ အကြောင်းပြု၍ နိုင်ငံရေးနောက်ခံ မကင်း သော ရေးသားချက်များအား ပရင့်မီဒီယာ၊ ဆိုရှယ်မီဒီယာများတွင် ဖော်ပြရေးသားနေမှုများသည် ဗုဒ္ဓဘာ သာဝင် အများပြည်သူတို့ စိတ်နှလုံးမချမ်းမြေ့မှုကို ဖြစ်စေပါသဖြင့် ထိုရေးသားဖော်မှုအပေါ်တွင်လည်း လည်းကောင်း၊ ထိုရေးသားမှုနှင့်တူညီသောဖော်ပြချက်တို့သည်လည်းကောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ပြည်သူအတွင်း ညီညွတ်မှုပြုကွဲမှုကို ဖြစ်စေနိုင်ပါသည်။ ဘာသာရေးအရ လျော်ကန်သင့်မြတ်ခြင်းလည်း မရှိပါ။ သို့ပါ၍ ကျွန်ုပ်တို့ NDFသတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် လက်ခံခြင်းမရှိ၊ ကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

No comments:

Post a Comment