Tuesday, August 28, 2018

NDF party၏ ကုလသမဂ္ဂအစီရင်ခံစာနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ကုလသမဂ္ဂအစီရင်ခံစာနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၉-၈-၂၀၁၈

        ကုလသမဂ္ဂကျောထောက်နောက်ခံပြု အချက်အလက်ရှာဖွေရေးမစ်ရှင် (The Independent International Fact-Finding Mission on Myanmar)၏ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခြား ထိပ်တန်း ဗိုလ်ချုပ်ငါးဦးကို လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးပြီးတရားစွဲဆိုရမည်ဟု တောင်းဆို ကြောင်း ကြားသိရပါသည်။  အမှန်တွင် ထို(IFFM)၏ အချက်အလက်ရှာဖွေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခြင်း မရှိပါ။ အခြေအနေမှန်များကို တစ်ဖက်သတ်မျက်ကွယ်ပြု၍ စွပ်စွဲထုတ်ပြန်လာသည်ကို တွေ့ရှိရပါသည်။ ဤသည်မှာ ၂၀၁၇ခုနှစ်၊ ဘင်္ဂါလီအကြမ်းဖက်မှုတွင် ဘင်္ဂါလီမွတ်ဆလင် တစ်သောင်းခန့် သတ်ဖြတ်ခံရသည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က တွက်ချက်ခန့်မှန်းခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြ ခဲ့ပါသည်။  သို့ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများကိုယ်တိုင်က ပြဿနာကို ကိုင်တွယ် ရာတွင် တရားဥပဒေ တို့၏ မူလရည်ရွယ်ချက်ဖြစ်သည့် ဥပဒေသည် လူသားတို့အား အကာအကွယ်ပေးရေး သာ အဓိကဖြစ်သည် ဆိုခြင်း ထက် အပြစ်ပေးအရေးယူရေးဘက်သို့ အလေးပေးဆောင်ရွက်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။

        ဤသည်တို့ကိုထောက်ရှု၍-

၁။     လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု အစီရင်ခံစာတွင် တစ်ဖက်သတ်စွပ်စွဲဖော်ပြထားသည်ကို တွေ့ရှိရပါ သည်။  ဘင်္ဂါလီတစ်သောင်း အသတ်ခံရသည်ဟု အစီရင်ခံစာ၌ စွပ်စွဲဖော်ပြထားပြီး ဘင်္ဂါလီ(၇)သိန်းခန့်သည် မူလဌာနေ ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း ငါးသိန်းခန့် လက်ရှိနေထိုင်နေကြဆဲဖြစ်၍ လူမျိုးသုဉ်းသွားခြင်းမဟုတ်သဖြင့် ကျွန်ုပ်တို့ NDFခမောက်ပါတီက ဤအချက်ကို ပယ်ချပါသည်။

၂။     ရခိုင်ပြည်နယ်၌ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ပြုမှုပုံများသည် အခြားအကြောင်းအရာ၊ ဖြစ်ရပ် များ၌ ချမှတ်ထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ ကြံရွယ်ချက်များနှင့် တူညီသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားပါသည်။ ထိုသို့ စုဆောင်းခဲ့သည့် အချက်အလက်များအရ နယ်စည်းမခြားဆရာဝန်များအဖွဲ့က လူတစ်သောင်းသေဆုံးခဲ့သည်ဟု တွက်ချက်ခန့်မှန်းခဲ့သည်ဟု ဆိုပါသည်။ ယင်းသို့ တွက်ချက်ခန့်မှန်းမှုအရ လူသားမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်သည်ဟုဆိုပါက  တွက်ချက်ခန့်မှန်းမှုသည် ခိုင်မာသည့်သက်သေအထောက် အထား မည်ပါ၏လောဟု မေးခွန်းထုတ်စရာ ကျန်နေပေသည်။ သို့ပါ၍ ကုလနောက်ခံအချက်အလက်ရှာဖွေ ရေးမစ်ရှင်၏ စွပ်စွဲချက်များအပေါ် ကျွန်ုပ်တို့NDFခမောက်ပါတီက လုံးဝလက်မခံ ပယ်ချပါကြောင်း။

၃။     မြန်မာနိုင်ငံ၏လက်ရှိအနေအထားတွင် ထွက်ပြေးသူများအားလုံး နိုင်ငံသားအဖြစ် ရရှိရေး၊ တိုင်းရင်း သားလူမျိုးတစ်မျိုးအဖြစ် အမည်အတပ်ခံရရေးနှင့် သီးခြားနယ်မြေတစ်ခု ရရှိရေးတို့အတွက် လုပ်ဆောင်လာ မှုအပြင် အချုပ်အခြာအာဏာကို ကာကွယ်နေသည့် အမျိုးသားတပ်မတော်၏ဂုဏ်သိက္ခာကို ညိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဆင့်ကဲလုပ်ဆောင်လာသည့် ကုလသမဂ္ဂ၏ အားပေးအားမြောက်ပြုမှုအပေါ် ကျွန်ုပ်တို့NDF ခမောက်ပါတီက အလေးအနက် ကန့်ကွက်ပါကြောင်းနှင့်

၎။     တပ်မတော်သည် ဒီမိုကရေစီစနစ်ကျင့်သုံးသော အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိနေသည်ဖြစ်၍ ယခုကဲ့ သို့ အမျိုးသားတပ်မတော်အပေါ် ချိုးဖဲ့ထိပါးလာမှုကို တုံ့ပြန်ကာကွယ်မှုပေးရမည်မှာ ဒီမိုကရေစီအစိုးရ တိုင်း၏ တာဝန်ဖြစ်ပါသည်။ သို့ပါ၍ မြန်မာ့အမျိုးသားတပ်မတော်အပေါ် ထိုးနှက်လာမှုကို လူသိရှင်ကြား ထင်ရှားထိ ရောက်စွာတုန့်ပြန်ကန့်ကွက်ပေးရန် ကျွန်ုပ်တို့NDFခမောက်ပါတီက အလေးအနက် တောင်းဆိုအပ်ပါသည်။

 

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

No comments:

Post a Comment