Tuesday, July 10, 2018

NDF မိတ်ဖက်အဖွဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

မိတ်ဖက်အဖွဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ဇူလိုင်လ(၁၀)ရက်၊ ၂၀၁၈။

 

        မြန်မာနိုင်ငံအမျိုးသားရေးအင်အားစုများအသင်း၊ မွန်ပြည်နယ်(ဗဟို)MFNAနှင့် အမျိုးသားဒီမိုကရေစီ အင်အားစု NDFပါတီတို့သည် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ မိတ်ဘက်အဖွဲ့အစည်း(၂)ရပ်အဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် ၊ ၉-၇-၂၀၁၈ရက်နေ့တွင် မော်လမြိုင်မြို့၌ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေး နွေး၍ သဘောတူညီချက်ကို ရရှိခဲ့ပါသည်။

        အဆိုပါသဘောတူညီချက်အပေါ်အခြေခံ၍

(က)   မြန်မာ့အချုပ်အခြာအာဏာအပေါ် စွက်ဖက်မှုအပေါ် လက်မခံရေး၊

(ခ)    အမျိုး၊ဘာသာ၊သာသနာ တိမ်ကော၊ပပျောက်ခြင်းမရှိစေရေးနှင့်

(ဂ)    မြန်မာနိုင်ငံသားတို့၏ အကျိုးစီးပွား၊ ရပိုင်ခွင့်နှင့် ပိုင်နက်နယ်မြေ ထိပါးကျူးကျော်မခံရရေး စသည့် အမျိုးသားရေးဆိုင်ရာကိစ္စအ၀၀တို့တွင် အပြည့်အ၀ပူးပေါင်းဆောင်ရွက်၍ တိုက်ဖျက်သွားကြမည် ဖြစ်သည်။

        ယခုအချိန်အခါသည် မိရိုးဖလာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ၊ ထိုယဉ်ကျေးမှုတို့ အခြေတည် ရာ ဗုဒ္ဓသာသနာအပြင် နိုင်ငံ၏အုပ်ချုပ်မှုရေးရာ၊ ဥပဒေရေးရာကိစ္စရပ်တို့တွင် ထိပါးစွက်ဖက်ချယ်လှယ် လွှမ်းမိုးရန် စိုင်းပြင်းနေကြပြီ ဖြစ်သည်။

        ထိုနိုင်ငံပြင်ပမှ ၀င်ရောက်လာမည့် အမျိုးသားရေးထိပါးမှုအန္တရာယ်ကို နိုင်ငံရေးတာဝန်သိသိဖြင့် ကာ ကွယ်နိုင်ရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီသည် မြန်မာနိုင်ငံ၊ အမျိုးသားရေးအင်အားစု များအသင်း၊ မွန်ပြည်နယ်(ဗဟို)၊MFNA နှင့် လက်တွဲ၍  တိုင်းချစ်၊ပြည်ချစ်၊ မျိုးချစ်စိတ်တို့ဖြင့် အလေးအနက် ထား၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်သူတို့အား ထုတ်ပြန်အသိပေးအပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment