Wednesday, June 13, 2018

NDFပါတီ၏ နိုင်ငံခြားသားပါဝင်သောစုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

နိုင်ငံခြားသားပါဝင်သောစုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုနှင့်ပတ်သက်၍

သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ၁၄-၆-၂၀၁၈

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်​​သောစုံစမ်ရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတကာမှပုဂ္ဂိုလ်ကြီးတစ်ဦးအပါအ၀င် အဖွဲ့ဝင်သုံးဦးဖြင့် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့်စစ်​​ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့၏စစ်​​ဆေးခြင်းနည်းလမ်းဟူသည့် လမ်းနှစ်သွယ်ပါရှိခဲ့ပါသည်။ ထိုလမ်းနှစ်သွယ်ပါ တောင်းဆိုချက် များ သည် မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်လာသည့် တောင်းဆိုချက်များဖြစ်၍ လက်ခံနိုင်ဖွယ်မရှိပါ။ သို့ရာ တွင် ပြည်တွင်းမှကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းပေးရန် ပြည်​​ထောင်စုအစိုးရအား တိုက်တွန်ကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်​​တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်​​တော်တွင် တင်သွင်းခဲ့ပါသည်။ ထိုကဲ့သို့ ပြည်ပပုဂ္ဂိုလ်ပါဝင်ဖွဲ့စည်းမည်ဆိုပါက ကိုဖီအာနန်​​ကော်မရှင်ကဲ့သို့ မြန်မာနိုင်ငံအကျိုးမပါသည့်အဖြစ်မျိုး ထပ်မံဖြစ်လာနိုင်သည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက ယူဆပါသည်

ကော်မရှင်ကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လွှတ်​​တော်တွင်မဲခွဲ၍ လူအင်အားနှင့် အနိုင်ယူဆောင်ရွက်ခဲ့သည့် လွှတ်​​တော်လုပ်ရပ်၏ အကျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီလွှတ်​​တော်ကို အရုပ်ဆိုးအကျည်းတန်​​စေခဲ့ပေပြီ။ မြန်မာနိုင်ငံ၏ အုပ်ချုပ်​​ရေး၊ တရားစီရင်​​ရေးအာဏာ များကို နိုင်ငံခြားသားက ၀င်​​ရောက်ချယ်လှယ်​​ရေးတွင် လွှတ်​​တော်ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခြင်းကြောင့် ၀မ်းနည်းဖွယ်ရာ ဖြစ်ခဲ့ရပါသည်။ လွှတ်တော်တွင် အများစုမဲဖြင့် ဆုံးဖြတ်သည့်တိုင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မဟုတ်ပါက လက်ခံနိုင်ဖွယ် မဟုတ်ပါ။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်ကို အလေးအနက် ပြန်လည်စဉ်းစားရန် တောင်းဆိုပါသည်

အမည်မသိ ၊အမျိုးမသိ ၊မည်သည့်အဖွဲ့အစည်းဝင်မှန်းပင် မသိရသေးသော နိုင်ငံခြားသားတစ်ဦးနှင့် ဖွဲ့စည်းမည့် သုံးဦးဆိုင်​​ကော်မရှင်ကို လွှတ်တော်ကလက်ခံခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မျက်စိမှိတ်၍ ထိုးအပ်ခြင်းဖြစ်၍ မသင်တော်ပါ။ ထို့ပြင် ရခိုင်​​ဒေသအတွင်းဖြစ်ပျက်သမျှကို ၄င်းတို့စိတ်ကြိုက် စစ်​​ဆေးခွင်ပေးခြင်းမှာ သူခိုးဓားရိုးကမ်းသည့်နှယ် တိုင်းတစ်ပါးတို့လက်သို့ အချုပ်အခြာအာဏာ၏ လုပ်ပိုင်ခွင့် တို့ကို မျက်နှာလွဲခဲပစ် ၀ကွက်အပ်နှင်းခြင်းပင်ဖြစ်သည်။  ထို့ကြောင့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံသား ဖြစ်ရသည်ပင်လျှင် ကမ္ဘာ့အလည်တွင် မျက်နှာငယ် ရှက်ဖွယ်ဟု ယူဆရပေတော့မည်။

တိုင်းပြည်အတွက် အန္တရာယ်ကျရောက်လာနိုင်မည့် ယင်ကော်မရှင်ဖွဲ့စည်မှုကို အရေးကြီးအဆိုတင်သည့်ဆွေးနွေးချက်များကို လက်ခံစဉ်းစား ခြင်း၊ ပြန်လည်သုံးသပ်ခြင်းပင် မပြုဘဲ မဲခွဲ၍ပယ်ဖျက်လိုက်ပေ သည်။  ဤသည်မှာ ကိုဖီအာနန်​​ကော်မရှင်ကဲ့သို့ ရခိုင်တိုင်းရင်း သားလူမျိုးအားလုံး၏ အမျိုးသားလုံခြုံရေးကို အာမခံချက်မဲ့စေပြီး ကျွန်ုပ်တို့၏ အချုပ်အခြာပိုင်နက်နယ်​​မြေကို  ထိပါးလာစေရန် လမ်ကြောင်ပေးသည့် နှယ် ဖြစ်​​နေပေသည်။ သို့ပါ၍ နိုင်ငံတော်အား ဆိုးကျိုးများသက်​​ရောက်လာပါက အစိုးရနှင့် လွှတ်​​တော်၏ တာဝန်သာဖြစ်သည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက ရှု့မြင်သုံးသပ်၍ ပြင်းထန်စွာကန့်ကွက်​​ကြောင်း သဘောထားထုတ်ပြန်လိုက်သည်

 

 ဗဟိုအလုပ်အမှုဆောင်​​ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment