အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီ၏ နှိုးဆော်ချက်
ရက်စွဲ။ ၁-၆-၂၀၁၈
" အရေးကြီးပြီ သွေးစည်းကြစို့ "
မြန်မာနိုင်ငံ၊ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ ဒို့အမျိုးသားအကျိုးစီးပွားကို
တိုင်းတစ်ပါးက ဖြိုခွဲဖို့ကြိုးပမ်းနေကြပြီ။
ဒို့ နိုင်ငံ၊ ဒို့လူမျိုး၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့အချုပ်အခြာကို
ထိပါးသူမှန်သမျှ ဆန့်ကျင်ကြ။
တိုင်းတစ်ပါးတို့က ကုလသမဂ္ဂမျက်နှာဖုံးစွပ်၍ မြန်မာနိုင်ငံအပေါ်
သွေးခွဲရေးမုန်တိုင်း၊အမျိုးဖျောက်ရေးဒီလှိုင်း၊ နိုင်ငံရေးဆူနာမီ အကွက်ချစီစဉ်နေပြီ။
ထို့ကြောင့် အမျိုးသားရေးသတိရှိကြပါလော့။
အဖွဲ့အစည်းစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းစွာ နိုင်ငံရေးအသိတရားနှင့်
မြန်မာအချင်းချင်း ရန်စစ်မခင်းဘဲ သွေးစည်းညီညွှတ်ကြဖို့ ချိန်တန်ပါပြီ။
ဒို့မြေ ဒို့ရေ ဒို့နိုင်ငံ ဒို့လူမျိုး ဒို့အချုပ်အခြာ ဒို့သာသနာနှင့်
အစိုးရ၊ တပ်မတော် မပြိုကွဲရေး
တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်မွေး၍ ကာကွယ်ကြလော့
နွားကွဲရင် ကျားဆွဲခံရလိမ့်မည်။
မြန်မာ့ဂုဏ်သိက္ခာကျစေဖို့၊ မြန်မာ့ပိုင်နက်နယ်မြေ ထိပါးဖို့
အန္တရာယ်များက ကျန်ုပ်တို့အနား ရောက်လျှက်ရှိနေချေပြီ။
မြန်မာ့အချုပ်အခြာကိုကျော်လွှားပြီး ထိုးဖောက်စော်ကားဖို့
တိုင်းတစ်ပါးတို့ စီစဉ်လျှက် ရှိနေပါပြီ။
ထို့ကြောင့်
" အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားရန် "
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက
မြန်မာနိုင်ငံသားအပေါင်းတို့အား တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment