အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေသော ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်းနှင့်ပတ်သက်၍
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၃-၂-၂၀၁၈
လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် လွတ်လပ်စွာဆန္ဒ ပြခွင့်တို့သည် ဒီမိုကရေစီ၏အနှစ်သာရကို ဖော်ဆောင်သော၊ နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်နှင့် လူ့အခွင့်အရေး ပိုင်ခွင့်များ ဖြစ်ပြီး ၂၀၀၈အခြေခံဥပဒေ၊ အခန်း(၈)တွင် အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
ထို့အတူ၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားကို မထိခိုက်၊ မပျက်ပြားစေရန်အတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေကို တိတိကျကျ ပြဋ္ဌာန်းထားခဲ့ပြီးလည်း ဖြစ်သည်။
ထိုသို့ ဒီမိုကရေစီစံနှုန်းနှင့် အတတ်နိုင်ဆုံးပြည့်မီအောင် ၂၀၀၈အခြေခံဥပဒေနှင့် ငြိမ်းစုစီဥပဒေများ တို့ဖြင့် ပြည်သူတို့၏ရပိုင်ခွင့်ကို ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများနှင့်အညီ ဥပဒေဖြင့်ပြဋ္ဌာန်းပေးထားခဲ့ သော် လည်း ယခုပြင်ဆင်ရန်ဆွေးနွေးနေသည့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်ပါ ဥပဒေပြဋ္ဌာန်းချက်များက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများအရ ပြည်သူတို့ရပိုင်ခွင့်များကို ပိုမိုတင်းကြပ်စေပြီး ပိုမိုရှုတ်ထွေးစေသည့် ၊ အာဏာ ပိုင်များအနေဖြင့် လိုသလိုဆွဲယူနိုင်သော သားရေကွင်းဥပဒေစကားလုံးများဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည် ကို လေ့လာတွေ့ရှိလိုက်ရသည်။
ထို့ကြောင့် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီအနေဖြင့် ဒီမိုကရေစီကို သင်းသတ်၍ လူ့အခွင့်အရေးကို အညွန့်တုံးစေသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်များကို ပြင်းထန်စွာကန့်ကွက်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment