အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
၂၀၁၈-ခရစ်နှစ်သစ်ကူးသ၀ဏ်လွှာ
ရက်စွဲ။ ၁-၁-၂၀၁၈
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဤ၂၀၁၈-ခရစ်နှစ်သစ်ကူးကာလအချိန်တွင် မြန်မာ ပြည်သူအပေါင်း ကိုယ်စိတ်နှုစ်ပါးရွှင်လန်းချမ်းမြေ့၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ယခင်ခေတ်ကာလများနှင့် မနှိုင်းယှဉ်သာအောင် မြန်မာပြည်အတွင်း ဖြစ်ပွားနေသည့် လူမှုဒုက္ခများ ပြည်သူလူထုအပေါ် ဖိစီးနှိပ်စက်နေပါသည်။ ထိုအခြေအနေများကို ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံသားအ ပေါင်း၊ တိုင်းရင်းသားအပေါင်း၊ နိုင်ငံရေးပါတီ အပေါင်း၊ လက်နက်ကိုင်အဖွဲ့အစည်းအပေါင်း ၊ နိုင်ငံရေးအင် အားစုအပေါင်း၊ အားလုံးစည်းလုံးညီညွတ်ကြမှသာ ဖန်တီးနိုင်မည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ အလေးအနက် ယုံကြည် ပါသည်။
ပြည်တွင်းစီးပွားရေးအခြေအနေ ကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင် ရှားပါးနေမှု၊ အခွန်အခတိုးလာမှုနှင့် ပြည်ပဖိအားများကြီးမားနေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုများ အကောင်အ ထည်ဖော်နိုင်မှု နှေးကွေးနေခြင်းတို့သည် မြန်မာပြည်အတွက် စိန်ခေါ်ချက်များ ဖြစ်နေပေသည်။ ထိုစိန်ခေါ် ချက်များကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းနှင့် အစိုးရတစ်ရပ်တည်းက ဖြေရှင်းနိုင်မည်မဟုတ်သဖြင့် မြန်မာ့နိုင်ငံရေးအင်အားစုများနှင့် မြန်မာနိုင်ငံသားများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးအနေအထား တစ်ရပ် ရှိနေသင့်သည်ဟု မြင်မိပါသည်။
ထို့ကြောင့် ယနေ့ နှစ်သစ်ကူးအချိန်အခါတွင် မြန်မာနိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း အကြား မယုံမကြည်ဖြစ်မှုနှင့် အမုန်းတရားများ ဖြေလျော့၍ အားလုံး ချစ်ချစ်ခင်ခင်၊ ယုံယုံကြည်ကြည်နှင့် သဟဇာတရှိရှိ ဆက်ဆံပြောဆိုနိုင်သော အခြေအနေကောင်းများ အများဆုံးပေါ်ပေါက်လာစေရန် ဆုတောင်း မေတ္တာပို့သသကဲ့သို့ နိုင်ငံတကာဖိအားများကိုလည်း မြန်မာနိုင်ငံသားအားလုံး ညီညီညွတ်ညွတ်ဖြင့် တောင့်ခံ တွန်းလှန်ကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment