အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၁၄/၂၀၁၇
နေ့စွဲ။ ၂၆-၆-၂၀၁၇
၁။ ဇွန်လ ၂၄ ရက်နေ့ထုတ် 7-Days သတင်းစာတွင် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး၏ နိုင်ငံရေးပါတီများနှင့် ပတ်သက်သော မှတ်ချက်တစ်ရပ်ကို ပြောကြားခဲ့ပ့ါသည်။ ယင်းမှတ်ချက် တွင် " လက်ရှိတရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီအတော်များများသည် ယေဘုယျဆန်သည့် လမ်းစဉ် များဖြင့်သာ သွားနေသည့်အတွက် ရှင်းရှင်းလင်းလင်းမမြင်ရကြောင်း " သုံးသပ်ဝေဖန်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ NDF ခမောက်ပါတီသည်လည်း တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများတွင် တစ်ခုအပါအ၀င် ဖြစ်နေပါသည်။ သို့သော် ပါတီစတင်ထူထောင်စဉ်ကတည်းကပင် ကျင့်သုံးရမည့် မူဝါဒ၊လမ်းစဉ်များကို ပြည်သူ အများ သိရှိစေရန် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ သို့ပါ၍ ဦးကိုကိုကြီး၏ ဝေဖန်ချက်ကို ပြန်လည်ရှင်းလင်း ရန် လိုအပ်လာပါသည်။ အကယ်၍ ပြည်သူ့အကျိုးအတွက် ထောက်ပြဝေဖန်သည်ဆိုပါက အာဏာရပါတီနှင့် လက်ရှိအစိုးရတို့၏ လက်ငင်းလုပ်ဆောင်ချက်နှင့် နိုင်ငံရေးမူဝါဒ စသည်တို့ကို အထူးပြု၍ ဝေဖန်ရန် လိုအပ်ပေ သည်။
၂။ NDF ပါတီ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် မူဝါဒသဘောတရားများ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများမှာ ပါတီ တည်ထောင်ခါစကပင်ချမှတ်ပြီးသားဖြစ်သည်။ နိုင်ငံရေးမူဝါဒအားဖြင့်၊ Social liberalism လူမှုရေးလိုအပ် ချက်များ ပြည့်စုံစေမှုကို အခြေပြုပြီး လွတ်လပ်ခွင့်များရစေရမည့် ၀ါဒဖြစ်သည်။ စီးပွားရေးမူဝါဒမှာလည်း ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းကျုံစေရန်ရည်ရွယ်သည့် ပုဂ္ဂလိက၊ အစိုးရနှစ်ရပ်စလုံးပါဝင်သည့် အပြည့်အ၀ ယှဉ်ပြိုင်ခွင့်ကို ဦးတည်စေမည့် Market oriented Mixed economy ဈေးကွက်အခြခံ ရောပြွန်းစီးပွားရေးစနစ် ဖြစ်သည်။ နှစ်စဉ်ပါတီညီလာခံများကျင်းပ၍ မူဝါဒဆိုင်ရာဆွေးနွေှးမှုများ ပြုလုပ်လျက် ရှိပါကြောင်း ပြည်သူများ၊ အခြားသော နိုင်ငံရေး/လူမှု့ရေး အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအ၀င် နိုင်ငံရေးလောက သားများအား သိသာပါရန် သတင်းထုတ်ပြန် အပ်ပါသည်။
၃။ သို့ပါ၍ NDF ပါတီမူဝါဒ၊ ရွေးကောက်ပွဲကြေငြာစာတမ်းများနှင့် အခြားသော ပါတီဆိုင်ရာ သဘောထား စာစောင်များကိုဖော်ပြအပ်ပါသည်။ ယင်းတို့မှာ
(က) ပါတီဖွဲ့စည်းပုံစည်းမျဉ်းစာအုပ် (၂၀၁၀)
(ခ) ပါတီမူဝါဒသဘောထားနှင့် လုပ်ငန်းစဉ် များ (၂၀၁၀) (နိုင်ငံရေး၊ စီးပွါးရေး၊ လူမှု့ရေး၊ နိုင်ငံခြားရေး နှင့်လယ်ယာ ကဏ္ဍအပါအ၀င်)
(ဂ) ရွေးကောက်ပွဲ ကြေငြာစာတမ်းများ -(၂၀၁၀၊၂၀၁၂၊၂၀၁၅)
(ဃ) ကျွန်ုပ်တို့မျှော်မှန်းထားသော ဖက်ဒရယ်ပြည်ထောင်စု - (၂၀၁၅)
(င) ပါတီတွင်း သင်တန်းပို့ချချက်လက်စွဲစာအုပ် (၂၀၁၀ - ၂၀၁၅)
(စ) လစဉ်ထုတ် ရွှေခမောက်စာစောင်များ (၂၀၁၀ - ၂၀၁၄ )
(ဆ) တောင်ကြီး လူမျိုးပေါင်းစုံညီလာခံသို့ တင်သွင်းသည့် စာတမ်း၊
(ဇ) ပါတီဥက္ကဋ္ဌ မိန့်ခွန်းကောက်နုတ်ချက်များ
(ဈ) ပါတီဥက္ကဋ္ဌ၏ မီဒီယာ အင်တာဗျူးများစာအုပ် (၂၀၁၀ - ၂၀၁ရ)
(ည) ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ ပါတီညီလာခံဆွေးနွေးပွဲ မှတ်တမ်းစာစဉ်များ (၂၀၁၀ - ၂၀၁၇)
စသဖြင့် NDF ပါတီတွင် မူဝါဒလုပ်ငန်းစဉ် လက်ငင်းနိုင်ငံရေး သဘောထား စာစောင်များ အခိုင်အမာရှိပါ သည်၊ လေ့လာသိရှိလိုသူများအနေဖြင့် NDFပါတီဌာနချုပ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ
ဖုန်း - ၀၉-၄၅၀၀ ၅၇၀ ၈၈
Email: ndfmyanmar.hq@gmail.com
No comments:
Post a Comment