Sunday, June 18, 2017

NDFအဋ္ဌမအကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေးကျင်းပပြီးစီး

အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ၁၂/၂၀၁၇

ရက်စွဲ။ ၁၈-၆-၂၀၁၇

 

NDFအဋ္ဌမအကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေးကျင်းပပြီးစီး

        

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အဋ္ဌမအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာဗဟိုဦစီးကော်မတီအစည်း အဝေး ဒုတိယနေ့အခမ်းအနားကို   ၁၈-၆-၂၀၁၇ ရက်နေ့၊  နံနက် (၉း၀၀)နာရီက ရန်ကုန်မြို့၊ ဗိုလ်ကလေးဈေး လမ်းရှိ YWCAခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။ 

         ထိုအခမ်းအနားသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီနာယ ကများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဗဟိုဦးစီးကော်မတီဝင်များ၊လေ့လာသူများ၊  ဖြစ်ကြသော၊ ရန်ကုန်တိုင်း အတွင်းရှိ NDFပါတီဝင်များ၊  စုစုပေါင်း ၁၂၀ ကျော်တက်ရောက်ခဲ့ကြသည်။

         မနက်ပိုင်းသဘာပတိအဖြစ် ဗဟိုနာယကအဖွဲ့ဝင် ဦးတိုးပိုက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဦးခင်မောင်သန်းက ဆောင်ရွက်သည်။ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက်  ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏တင်ပြချက်စာတမ်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေး ခဲ့ကြသည်။ ကချင်ပြည်နယ်မှ ဒေါ်လီလီထု၊ ကရင်ပြည်နယ်မှ ဦးငွေခိုင်သိန်း၊ စစ်ကိုင်းတိုင်းမှ ဒေါ်မြင့်မြင့်သိန်း၊ တနင်္သာရီတိုင်းမှ ဦးကျော်စိုး၊ ပဲခူးတိုင်းမှ ဦးမင်းလွင်၊ မကွေးတိုင်းမှ ဦးရဲညွန့်၊ မန္တလေးတိုင်းမှ ဦးညီပုနှင့် ဦးကျော်ဆွေ၊ နေပြည်တော်မှ မဆုရည်ဖြိုးအောင်နှင့် ဦးဇော်နိုင်ဦ၊ ရန်ကုန်တိုင်းမှ  ဦးမြင့်သိန်းနှင့်ဦးလှခိုင်၊ ဧရာဝတီတိုင်းမှ ဦးတင်ဝင်း၊ ဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်တင်နွယ်ဦး၊ ဗဟိုလူငယ်မှ ဦးအောင်ကိုကိုတို့က အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးကို နေ့လည် ၁၂း၀၀နာရီတွင် ခေတ္တရပ်နားခဲ့သည်။

         အစည်းအဝေးကိုနေ့လည် ၁း၃၀တွင် ပြန်လည်စတင်ခဲ့သည်။ နေ့လည်ပိုင်းသဘာပတိအဖြစ် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအဖြစ် အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်တို့က ဆောင်ရွက်ခဲ့သည်။

ယခင်သတ္တမအကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်မှုများနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဗဟိုနာယကများနှင့် အရံဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို ဆက်လက်အတည်ပြုခြင်း၊ ဗဟိုဦးစီကော်မတီဝင်များကို အတည်ပြုခြင်းများ ပြုလုပ်ပြီးနောက် တိုင်းနှင့်ပြည်နယ် မှ တင်ပြမေးမြန်းချက်များကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ပြန်လည်ဖြေကြားခဲ့သည်။ မေးမြန်းချက် များကို ဥက္ကဌဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ(၁) ဒေါက်တာဝင်းနိုင်၊ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်၊ အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ဇင်၊ ဦးကျော်အောင်တို့က အသီးသီးဖြေကြားခဲ့သည်။ PR ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပါတီတည်ဆောက်ရေးကိစ္စ၊ ပါတီစည်းရုံးရေးကိစ္စ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ အမျိုးသားရေးကို အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့် ဦးစားပေးပုံများကို ဖြေကြားခဲ့ကြသည်။

         ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များကို  အတည်ပြုခဲ့သည်။ နိုင်ငံရေးဆိုင်ရာအတည်ပြုချက် ၅ချက်နှင့် ပါတီဆိုင်ရာအတည်ပြုချက် ၈ချက်ရှိပြီး န၀မ အကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးကို ၂၀၁၈ခုနှစ် မေလတွင် ကျင်းပမည် ဖြစ်သည်။

         သဘာပတိ ဥက္ကဌ ဦးခင်မောင်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အဋ္ဌမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို ညနေ ၃း၄၀တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

         ထို့နောက် သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ့ကို ဆက်လက်ကျင်းပပြုလုပ်သည်။ ထိုတွေ့ဆုံပွဲကို အထွေ ထွေအတွင်းရေးမှူး ဦးနေမင်းကျော်၊ ဗဟိုဥပဒေအကြံပေး ဦးကြီးမြင့်၊ ကြားဖြတ် လွှတ်တော်ကိုယ်စားလှယ် လောင်းများဖြစ်ကြသော ဦးအောင်ဇင်၊ ဦးခိုင်မောင်ရည်၊ ဦးစိန်ထွန်းနှင့် ဒေါ်ခင်မာလာတို့က ဦးဆောင်ဆွေးနွေး ခဲ့ကြသည်။ နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပြစ်တင်ဖယ်ရှားပေးရန်အတွက် တင်ပြစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိမိတို့ဝင်ရောက်ယှဉ် ပြိုင်သည့်မဲဆန္ဒနယ်များတွင် ဥပဒေချိုးဖောက်ခံရမှုများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပြီး သတင်းမီဒီယာ များ၏မေးမြန်းချက်များကို ဖြေကြားခဲ့သည်။  ထို့နောက် မီဒီယာတွေ့ဆုံပွဲကို ညနေ ၅း၀၀နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

No comments:

Post a Comment