အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်၁၀/၂၀၁၇
ရက်စွဲ။ ၁၅-၆-၂၀၁၇
နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား
စွပ်စွဲပြစ်တင်မှု(Impeach) ပြုလုပ်ပေးရန် တင်ပြထားခြင်း
၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ စုပေါင်းတင်ပြထားသော အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်များ၏ ရွေးကောက်ပွဲဥပေဒချိုးဖောက်မှုများနှင့်ပတ်သက်၍ မည်သို့မျှ အရေးယူဆောင်ရွက်ပေးရန် မရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် (၁၈-၅-၂၀၁၇ )ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်မူများသည် အခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိသဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အား စွပ်စွဲပြစ်တင်မှု(Impeach) ပြုလုပ်ပေးရန် နိုင်ငံတော်သမ္မတထံ စာတစ်စောင်ကို (၆-၆-၂၀၁၇) ရက်စွဲဖြင့် ပေးပို့ထားပါသည်။
အဆိုပါ နိုင်ငံတော်သမ္မတထံတင်ပြစာနှင့် ပတ်သက်၍ လာမည့် (၁၈-၆-၂၀၁၇) ရက်နေ့၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၏ အဋ္ဌမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးအပြီး ညနေ (၄း၀၀နာရီ)တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ( Press meet) ပြုလုပ်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment