Tuesday, March 28, 2017

NDFပါတီ၏ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်အားထောက်ခံကြောင်း သဘောထားထုတ်ပြန်ခြင်း။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်အပေါ်

မြန်မာနိုင်ငံအစိုးရ၏ ရပ်တည်ချက်အားထောက်ခံကြောင်း

သဘောထားထုတ်ပြန်ခြင်း။

 ရက်စွဲ။ ၂၈-၃-၂၀၁၇

-

၁။      ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ နိုင်ငံတကာအချက်အလက်ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ၄၈-နိုင်ငံပါအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်တစ်ခုလုံး ကို မြန်မာနိုင်ငံမှ လက်ခံခြင်းမရှိကြောင်းကိုလည်း မြန်မာနိုင်ငံကိုယ်စားလှယ်က ထိုလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂။      ထို့အပြင် အကယ်၍ ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှု ခိုင်လုံသည်ဆိုပါက သက်သေများ အား နိုင်ငံတကာ၏ကာကွယ်စောင့်ရှောက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်စေပြီး မြန်မာနိုင်ငံ၏ တရားရုံးများတွင်  တရားဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲဆိုနိုင်ကြောင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။

၃။      ထို့ကြောင့် နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုကို အလေးအနက် ထားရပ် တည်ခဲ့ခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို အခိုင်အမာ အလေးဂရုပြုကြောင်း နိုင်ငံတကာသို့ ပြသခဲ့ပါသည်။

၎။      နိုင်ငံတော်အစိုးရ၏ အထက်ပါရပ်တည်ချက်ကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ထောက်ခံကြိုဆိုလိုက်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

No comments:

Post a Comment