အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သဘောထားထုတ်ပြန်ချက်၁/၂၀၁၇
ရက်စွဲ။ ၂၃-၁-၂၀၁၇
သတင်းမှန်ကို ရှင်းလင်းဖော်ပြခြင်း
USDPပါတီမှ မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးရန် နိုင်ငံရေးပါတီများအား ဖိတ်ကြားသဖြင့် NDFပါတီမှ တက်ရောက်၍ ဆွေးနွေးခဲ့မှုများနှင့်ပတ်သက်ပြီး NDFပါတီနှင့် USDPပါတီမှာ မိတ်ဖက်လိုလို၊ မဟာ မိတ်ဖြစ်သလိုလို NDFပါတီဝင်များနှင့် ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်စေသော သတင်းများဖော်ပြခဲ့ခြင်း မှာ လုံးဝမဟုတ်မမှန်ပါ။
နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးရှိမည်ဆိုပါက မည်သည့်ပါတီအဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက် မည်ဟူသည့် NDF ပါတီ၏မူဝါဒနှင့်အညီ ရခိုင်ကော်မရှင်ဖွဲ့စည်းသည့်ကိစ္စ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ခေါ်ယူရေးကိစ္စရပ်များတွင် ပါတီသဘောထားရပ်တည်ချက်ကို ပူးတွဲထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ပါသည်။
NDFပါတီမှာ ယခုအချိန်တွင် မည်သည့်ပါတီကြီးငယ်နှင့်မျှ မိတ်ဖက်၊ မဟာမိတ်ပြုလုပ်ထားခြင်း မရှိပါ။
၂၀-၁-၂၀၁၇ ရက်နေ့ထုတ် ဗွိုက်သတင်းစာနှင့် ၂၁-၁-၂၀၁၇ ရက်နေ့ထုတ် မြန်မာ့သံတော်ဆင့်ဂျာနယ်များ တွင် NDFပါတီနှင့် USDPပါတီအား မိတ်ဖက်လိုလို၊ မဟာမိတ်လိုလို အဓိပ္ပါယ်သက်ရောက်အောင် ဖော်ပြခဲ့ခြင်း များသည် မဟုတ်မမှန်ဖော်ပြချက်များသာဖြစ်ပြီး NDFပါတီအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရပါသည်။
အနာဂတ်ကာလတွင် NDF ပါတီသည် ဒီမိုကရေစီလိုလားသော၊ ပြည်သူ့ဘက်မှ ရပ်တည်မည့် ပါတီများနှင့်
လက်တွဲဆောင်ရွက်သွားရန် ရည်ရွယ်ရင်းရှိရာ အထူးသဖြင့် တတိယအင်အားစုအဖြစ် နိုင်ငံရေးခရီးဆက်မည့် အရေး ကြီးသောအချိန်တွင် မဟုတ်မမှန်သော သတင်းရင်းမြစ်များကို အခြေခံ၍ ရေးသားဖော်ပြခြင်းများကို မပြုလုပ်ကြပါရန် သတင်းမီဒီယာများသို့ လေးစားစွာ အသိပေးအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment