Monday, January 9, 2017

NDFဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအ၀း(၁/၂၀၁၇)ကျင်းပပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ၁/၂၀၁၇

ရက်စွဲ။ ၉-၁-၂၀၁၇

NDFဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအ၀း(၁/၂၀၁၇)ကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအ၀းအမှတ်စဉ် (၁/၂၀၁၇) ကို  ၉-၁-၂၀၁၇ ရက်နေ့ နံနက် ၁၀း၃၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေအမှူးပြုသော ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီနာယကဦးတိုးပိုအမှူးပြုသော ပါတီနာယကအဖွဲ့ဝင်များ၊ အရံဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ စုစုပေါင်း ၂၆ဦး တက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် သဘာပတိအဖြစ် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပါတီအထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်မှ ဆောင်ရွက်သည်။ သဘာပတိက အမှာစကားပြောကြားရာတွင် ပါတီလက်ရှိ ရင်ဆိုင်နေရသောအနေအထားများ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်ထားမှု များနှင့် ပါတီရှေ့စည်းရုံးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။

         ထို့နောက်ကြားဖြတ်ရွေးကောက်ပွဲဆောင်ရွက်မည့်အခြေအနေများ၊ ဆောင်ရွက်ထားရှိမှုများကို ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းစည်းရုံးရေးကော်မတီဥက္ကဌများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊က အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

တိုင်းနှင့်ပြည်နယ်အလိုက်နယ်မြေအခြေအနေများနှင့် ပါတီစည်းရုံးရေးဆောင်ရွက်မှု အခြေအနေများကို တက်ရောက်လာကြသူများက ၀ိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄း၀၀နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လှိုင်သာယာ၊ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံနှင့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်(၆)နှင့် ပဲခူးတိုင်းအမျိုးသားလွှတ်တော်(၄) မဲဆန္ဒနယ်မြေများ စုစုပေါင်း ၅နေရာ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

         နောက်လာမည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေး (၂/၂၀၁၇)ကို လာမည့်ဖေဖော်ဝါရီလ (၂၀)ရက်နေ့ တနလာင်္နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment