Saturday, October 8, 2016

NDFဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်

Description: C:\Users\dell\Desktop\ndf flag - Copy - Copy.jpg

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၁၅/၂၀၁၆

ရက်စွဲ။ ၈-၁၀-၂၀၁၆

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဒုတိယအကြိမ်စုံညီအစည်း အဝေးကို ၇-၁၀-၂၀၁၆ ရက်၊သောကြာနေ့ နံနက် ၁၀း၀၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ

ပါတီဌာနချုပ်အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေအမှူးပြုသော ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီအရံဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ပါတီနာယကများဖြစ်ကြသော ဦးတိုးပို၊ဦးစိန်လှဦး၊ ဦးအောင်ဆန်းနှင့် ဒေါ်တင်နွယ်ဦး စုစုပေါင်း (၂၂ )ဦးတက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် ပါတီ၏ လက်ရှိအခြေအနေနှင့် လုပ်ဆောင်မှုများ၊ တိုင်းနှင့်ပြည်နယ်အလိုက်စည်းရုံးရေးအခြေအနေ၊ လက်ရှိမြန်မာ့နိုင်ငံ ရေးအနေအထားများ၊ ပါတီရှေ့ဆက်သွားရမည့်လမ်းစဉ်များကို ထည့်သွင်းပြောကြားခဲ့သည်။  အထွေထွေ အတွင်းရေးမှူး ဦးနေမင်းကျော်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအတွင်း တာဝန်ခွဲဝေမှုနှင့်ကော်မတီများ ဖွဲ့စည်းထားမှု၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ တိုင်းနှင့်ပြည်နယ်အလိုက်စည်းရုံရေးအနေအထားသုံးသပ်ချက်ကို ဖတ်ကြား တင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက တိုင်းနှင့်ပြည်နယ်အလိုက် အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ဆောင်ရမည့်အခြေအနေများကို ၀ိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

         ကြားဖြတ်ရွေးကောက်ပွဲကိစ္စ၊ ရခိုင်ကော်မရှင်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့်ဆက်ဆံရေးကိစ္စ၊ မြန်မာ့စီးပွား ရေးအခြေအနေနှင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကိစ္စ၊ တရားရေးမဏ္ဍိုင်တိမ်းစောင်းနေသည့်ကိစ္စ၊ လယ်သမား၊ အလုပ်သမားများအရေးကူညီရေးကိစ္စများကို တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခဲ့ကြပြီး ဒုတိယ အကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ညနေ ၅း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း

သတင်းထုတ်ပြန်အပ်ပါသည်။

         တတိယအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို နိုဝင်္ဘာလ(၂၈)ရက်၊ တနလာင်္နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

No comments:

Post a Comment