အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
ကြေညာချက်အမှတ် ၃/၂၀၁၆
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ မတ်လ (၁၅)ရက်
သမ္မတသစ် ဦးထင်ကျော်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းသ၀ဏ်လွှာပေးပို့ခြင်း
နှစ်ပေါင်း(၅၀) ကျော်အတွင်း ပထမဦးဆုံးအကြိမ် ပြည်သူ့ကိုယ်စားပြုအရပ်သားသမ္မတသစ် တစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပြည်သူလူထုနှင့်အတူ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ၀မ်းမြောက်ကြောင်း ကြေညာအပ်ပါသည်။ ဤသည်မှာ ၁၉၈၈ မှ စတင်ခဲ့သော ဒီမိုကရေစီရေးမျှော်လင့်ချက်၏ အသီးအပွင့်တစ်ခုကို ရရှိခံစားလိုက်ရခြင်းပင် ဖြစ်ပါသည်။ ထို့အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပေါ်ရေးနှင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် မြန်မာနိုင်ငံသားအားလုံးသည် သမ္မတဦးထင်ကျော်ဦးဆောင်သောအစိုးရအဖွဲ့သစ်နှင့်အတူ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နိုးဆော်အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment