အမျိုးသားဒီမိုကရေစီအင်အားစု
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၁/ ၂၀၁၆
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ(၁၅)ရက်
NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ ဖွဲ့စည်း
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ပါတီလုပ်ငန်းများကို ပီပြင်စွာလုပ်ဆောင်နိုင်ရေးကို ရည်ရွယ်၍ ပါတီအတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းရန် (၈-၁-၂၀၁၆ )ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအလုပ် အမှုဆောင်ကော်မတီ၊ အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
အတွင်းရေးမှူးအဖွဲ့တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူးအဖြစ် ဦးနေမင်းကျော်တို့က ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖွဲ့ဝင်များမှာ ဦးသက်ထွန်းမောင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်နှင့် ဦးထက်အောင်ကျော်တို့ဖြစ်ကြသည်။ အတွင်းရေးမှူးအဖွဲ့အောက်တွင် ထောက်အကူပြုကော် မတီ (၇)ခုဖြင့် ရှိမည် ဖြစ်သည်။ ထိုကော်မတီ(၇)ခုမှာ စည်းရုံးရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ နိုင်ငံတကာ နှင့်အဖွဲ့အစည်းများဆက်ဆံရေး ကော်မတီ၊ သုတေသနကော်မတီ၊ လူငယ်၊ အမျိုးသမီးနှင့် ရုံးအဖွဲ့တို့ဖြစ် ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment