Saturday, January 2, 2016

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာ

ရက်စွဲ။         ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်

 

         ယနေ့ကျရောက်သော (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ကျွနုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

         ကျွန်ုပ်တို့နိုင်ငံ တိုင်းတစ်ပါးနယ်ချဲ့လက်အောက်မှ လွတ်မြောက်ခဲ့သည်မှာ (၆၈)နှစ်တိုင်ခဲ့ပြီဖြစ်သော် လည်း ရာစုနှစ်ထက်ဝက်ခန့် စစ်အာဏာရှင်လက်အောက်တွင် ဆက်လက်ကျရောက်ခဲ့ရသဖြင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များ ဆုံးရှုံးကာ နိုင်ငံသူနိုင်ငံသားများမှာ လွတ်လပ်ခြင်း၏အရသာကို ပြည့်ဝစွာခံစားနိုင်ခြင်း မရှိခဲ့ ပေ။ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့များပြားမှု၊ ပညာရေးအဆင့်အတန်းနိမ့်ကျမှု၊ ကျန်းမာရေးဝန်ဆောင်မှု နိမ့် ကျမှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ နိုင်ငံစီးပွားရေးကို လက်တစ်ဆုပ်စာခရိုနီများက ချုပ်ကိုင်ထားမှုများမှာ ယနေ့ရင် ဆိုင်နေရသော ပြဿနာကြီးများ ဖြစ်ပေသည်။

         ထိုထက်ပို၍အရေးကြီးသောစိန်ခေါ်မှုကြီးမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအဟန့်အတားပြုနေသော  တိုင်းရင်းသားများနှင့်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေသည်။ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးမရှိ သမျှ ကာလပတ်လုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ စိတ်ကူးယဉ်အိမ်မက်ပင် ဖြစ်နေပေလိမ့်မည်။

         ယခုအခါ ပြည်သူများက မိမိတို့လိုလားသော၊ ဒီမိုကရေစီအင်အားစု၏ဦးဆောင်ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက်မဲပေးရွေးချယ်ခဲ့ပြီဖြစ်ရာ အထက်ပါစိန်ခေါ်မှုများကို ဦးဆောင်ဖြေရှင်းရမည့် တာ ၀န်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပုခုံးပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်ပေသည်။

         ပြဿနာအပေါင်းအား ကာလတိုအတွင်း ဖြေရှင်းရန်ခက်ခဲ့မည် ဖြစ်သော်လည်း အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားများအား အဓိကခြိမ်းခြောက်နေသော ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်၍ တပ်မတော်၊ တိုင်းရင်းသားများနှင့် နိုင်ငံရေးအင်အားစုအားလုံး ညီညီညွတ်ညွတ်နှင့် အတူလက်တွဲ၍ ဖြေရှင်းဆောင်ရွက် သွားကြပါရန် ရိုးသားစွာဖြင့် ဆန္ဒပြုအပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment