အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၃၇/၂၀၁၅)
ရက်စွဲ။ ၂၄-၉-၂၀၁၅
NDFပါတီ ထန်းတပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲ
ပါတီခေါင်းဆောင်များ တက်ရောက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်များသည် ၂၄-၉-၂၀၁၅ ရက်နေ့ ၊ နံနက် ၁၀း၀၀နာရီတွင် ကျင်းပပြုလုပ်သော ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ အောင်နိုင်ရေးရုံးဖွင့်ပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းများမိတ်ဆက်ပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသာဆိုင်နှင့် ဦးတိုးတိုး၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထန်းတပင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ဦးစိုးလင်းနိုင်၊ ဦးသိန်းလွင်နှင့်ဦးထွန်းဗိုလ်၊ ရေတွင်းကုန်းကျေးရွာမှ ပါတီဝင်များ စုစုပေါင်း ၁၅၀ခန့် တက်ရောက် ခဲ့ကြသည်။
သဘာပတိ ဦးမြ(ထန်းတပင်ဥက္ကဌ )မှအဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား ပါတီခေါင်းဆောင်များ၊ ထန်းတပင်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မိတ်ဆက်ပေးပါသည်။ ထို့နောက်
ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်သော်တာဆိုင်၊ ထန်းတပင်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးစိုးလင်းနိုင်၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦးတို့မှ ပါတီနှင့်သက်ဆိုင်သည့်မူဝါဒများနှင့် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဟောပြောဆွေးနွေးခဲ့ကြသည်။
ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ ပါတီ၏မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့် မျှော်မှန်းချက်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများကို ဟောပြောဆွေးနွေးခဲ့ပြီး နေ့လည် ၁၂း၀၀နာရီတွင် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment