အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ချက်အမှတ်(၃၅/၂၀၁၅)
ရက်စွဲ။ ၁၁-၉-၂၀၁၅
NDF ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများတွေ့ဆုံပွဲကျင်းပ
၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် NDF ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲကို ၁၁-၉-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့ဘိုကလေးဈေးလမ်းရှိ YWCA ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရန်ကုန် တိုင်းအတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ လေ့လာသူလူငယ်ညီလာခံ ကိုယ်စားလှယ်များ စုစုပေါ်င်း ၉၀ခန့် တက်ရောက်ခဲ့ကြသည်။
ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ဤဆွေးနွေးပွဲကျင်းပရမည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီး ပထမဦးစွာ နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လှုပ်ရှားမှုများ အကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ နေ့လည်ပိုင်းတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာMPCမှ ဒါရိုက်တာဦးအောင်နိုင်ဦးက ရွေးကောက်ပွဲနှင်သက် ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ ညနေ ၃း၀၀နာရီတွင် အမှတ်တရ ဓာတ်ပုံမှတ်တမ်းများရိုက်ကူးပြီး ဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။
NDF ပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၆၀ဦး ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး အမျိုးသမီးကိုယ်စားလှယ် ၁၄ ဦးပါရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် မြို့နယ် ၉၅ မြို့နယ်တွင် ကိုယ်စားလှယ်လောင်းပေါင်း ၂၇၄ ယောက်ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ ထိုထဲတွင် အမျိုးသမီးကိုယ်စားလှယ် ၆၀ဦး ပါဝင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment