Monday, September 7, 2015

ထိပ်သီးတွေ့ဆုံပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်

ထိပ်သီးတွေ့ဆုံပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

သဘောထားကြေညာချက်

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ စက်တင်္ဘာလ(၈)ရက်

 

၂၀၁၅ခုနှစ်၊စက်တင်္ဘာလ(၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်မျးသည် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြတော့မည် ဖြစ်ပါသည်။

         ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် သဘောတူ ညီမှုများ ရရှိရေးအတွက် ဆွေးနွေးကြမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤတွေ့ဆုံပွဲသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ်တည်ဆောက်ရေးအတွက် ကြီးစွာသောအထောက်အပံ့ကို လက်တွေစိုက်ထူရေးဟူသည့် နိုင်ငံရေးလို အပ်ချက်ကြီး ဖြစ်ပါသည်။

         ညှိနှိုင်းခြင်းဟူသမျှသည် နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွား၊ ဘုံရည်မှန်းချက်တို့ကို ရှေ့ရှုရမြဲ ဖြစ်ပါသည်။ ထို့ကြောင့် အဖွဲ့အစည်းအကျိုးနှင့် ပုဂ္ဂလိကအကျိုးစီးပွားတို့အပေါ် တရားသေဆုပ်ကိုင်ခြင်းမပြုဘဲ အလျော့ အတင်းပြုလုပ်ကြရမည်မှာ နိုင်ငံရေးညှိနှိုင်းမှု၏ လက်တွေ့သဘာဝများပင် ဖြစ်သည်ဟု ကျွန်ုပ်တို့NDF ပါတီမှ ရှုမြင်ပါသည်။ ထိုသို့ ကိုယ်ကျိုးမဖက်ဘဲ နိုင်ငံ့အနာဂတ်ရေးအတွက် ဦးစားပေးဆွေးနွေးကြရန်  လိုအပ်လှပါ သည်။

         ယခု စက်တင်္ဘာ(၉)ရက်နေ့ ထိပ်သီးဆွေးနွေးပွဲသည် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းသစ်တွင် အထင်ကရ အရေးပါမည့်တွေ့ဆုံပွဲတစ်ခုဟု မှတ်ယူပါသည်။ ဆိုခဲ့ပါ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွားတို့ကို ဖြတ်ကျော်ရှုမြင့်၍ နှစ်ကာလရှည်ကြာ ပစ်ခတ်တိုက်ခိုက်မှုများကို အပြီးတိုင်ရပ်စဲနိုင်ရေး စိတ်ကူးစိတ်သန်းများ သည် လွန်စွာရဲရင့်သော အတွေးအခေါ်များဟု ပြောကြားလိုပါသည်။

         ထိုမျှရဲရင့်သော ငြိမ်းချမ်းရေးစိတ်စေစားမှုများကို သယ်ဆောင်၍ နေပြည်တော်၌ တွေ့ဆုံပွဲသည် အမှန် တကယ် ပြည်သူ့အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားတို့အတွက် ဖြစ်မြောက်စေရန် NDF ပါတီက တောင်းဆိုအပ် ပါသည်။ အကယ်၍ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို ဆောင်ကျဉ်းနိုင်သော တွေ့ဆုံပွဲဖြစ်လာပါက ကိုယ်ကျိုးစီး ပွားများကို ပဓာနမထားသော၊ ပြည်သူ့အတွက် ရဲရင့်ဝံ့စားသော သဘောတူဆုံးဖြတ်ချက်များ ဖြစ်လာမည့်အပြင် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် သမိုင်းမော်ကွန်းတွင်ရစ်နိုင်ပါလိမ့်မည်ဟု ကျွန်ုပ်တို့ NDF ပါတီမှ ခံယူ ပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်အပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment