Wednesday, July 15, 2015

NDF PRESS RELEASE 27-2015 NDF ပါတီ ရန်ကုန်တိုင်းငါးမြို့နယ် ပါတီစည်းရုံးရေးပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၂၇/၂၀၁၅

ရက်စွဲ။ ၁၅-၇-၂၀၁၅

NDF ပါတီ ရန်ကုန်တိုင်းငါးမြို့နယ် ပါတီစည်းရုံးရေးပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီမှ ဦးဆောင်၍ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းလုပ်ဆောင်ချက်များအကြောင်း ပြည်သူအများ သိရှိရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  ၂၅-၇-၂-၁၅ ရက်နေ့ နံနက် ၉း၀၀နာရီမှ စတင်၍ ပြုလုပ်ခဲ့ကြသည်။  ထိုလှုပ်ရှားဆောင်ရွက်မူသို့ NDF ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်၍  ပြည်သူလူထုသို့ လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့သည်။ ပထမဦးစွာ တာမွေမြို့နယ်သို့ သွားရောက် ခဲ့ကြပြီး ထိုမှ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး ပါတီ၏လွှတ်တော်တွင်းလုပ်ဆောင်ချက်များ လက်ကမ်းစာရွက်များကို ဖြန့်ဝေ ခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment