Thursday, June 4, 2015

NDF ကြေညာချက်၉-၂၀၁၅ ရေမျှောကမ်းတင်ဘင်္ဂလီဒုက္ခသည်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဖိအားပေးပြောဆိုနေများကို ကန့်ကွက်ကြောင်းကြေညာချက်

ရေမျှောကမ်းတင်ဘင်္ဂလီဒုက္ခသည်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ်

ဖိအားပေးပြောဆိုနေများကို ကန့်ကွက်ကြောင်းကြေညာချက်

ကြေညာချက်အမှတ်(၉-၂၀၁၅)

ရက်စွဲ။  ၂၀၁၅ခုနှစ်၊ ဇွန်လ(၅)ရက်

 

        လူသားချင်းစာနာထောက်ထားမှုအရ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံမှဖြစ်စေ လူကုန်ကူမှုဒုက္ခကြောင့် ၊ ရေမျောကမ်းတင်၊ ကူရာမဲ့ကယ်ရာမဲ့သူများကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုသည် မိမိတို့ပိုင်နက် နယ်မြေ အတွင်း ရောက်ရှိလာပါက ကယ်တင်စောင့်ရှောက်ပေးရမည် ဖြစ်ပါသည်။ ထို့အတူ လူ့အခွင့်အရေးအရ  လိုအပ် သည့် လူမှုရေးဆိုင်ရာအခွင့်အရေးများကို နိုင်ငံတကာဥပဒေများနှင့်ချိန်ထိုး၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လည်း လိုအပ်မည်ဟု ရှုမြင်ပါသည်။ ဤသည်မှာ ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်ခုအနေဖြင့်လည်းကောင်း၊ နိုင်ငံကြီးသား ပီသမှုအရလည်းကောင်း၊ ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းတိုင်း လိုက်နာရမည့် နိုင်ငံတကာဆိုင်ရာ လူမှုရေးကျင့်ဝတ် ဖြစ်သည်ဟု ကျွန်ုပ်တို့ NDFပါတီမှ ခံယူယုံကြည်ပါသည်။

        သို့သော် လွှဲမှားသောကောက်ချက်များဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမျက်နှာစာ၌ ကျွန်ုပ် တို့ မြန်မာနိုင်ငံအပေါ် သံတမန်ရေးဖိအားပေးနေမှုများကို ပြည်သူအများက မလိုလား၍ ဆန့်ကျင်ဆန္ဒပြနေကြ ပြီ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ ရေမျောကမ်းတင်ဒုက္ခသည်များကို စိစစ်၍ သက်ဆိုင်ရာမူရင်းနိုင်ငံများ သို့ တရားဝင်လွဲပြောင်းပေးအပ်ခြင်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ အခွင့်အရေးဖြစ်ပါသည်။   ထိုကဲ့သို့ ပင် နိုင်ငံသားအဖြစ်လက်ခံခြင်း၊ လက်မခံခြင်းမှာလည်း ယင်းနိုင်ငံရှိ ပြဋ္ဌာန်းဥပဒေပိုင်ခွင့်အရ ဖြစ်သည်ကို မည်သည့် အကြောင်းပြချက်ဖြင့်မျှ ငြင်းဆိုအပ်သည့်ကိစ္စ မဟုတ်ပါပေး။

        မြန်မာနိုင်ငံနှင့် ထိစပ်နေသည် အိမ်နီးချင်းနိုင်ငံများ၏ နယ်နမိတ်တစ်ဖက်တစ်ချက်များတွင် ရခိုင်၊ချင်း၊ ကချင်၊ ရှမ်း၊ လီဆူစသည့် မျိုးနွယ်တူတိုင်းရင်းသားလူမျိုးစုများ နှစ်ပေါင်းထောင်ချီ ပဝေသဏီကပင် နေထိုင်ခဲ့ ကြပါသည်။ ယနေ့တိုင်အောင်လည်း နေထိုင်လျှက်ပင် ရှိကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ အနာက်ဖက်နယ် နမိတ်မျဉ်း၏ တစ်ဖက်နိုင်ငံ၌ပင် ရှိမနေသော "ရိုဟင်ဂျာ"ဟု ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုသမ္မတ တို့မှ ခေါ်ဝေါ်နေကြသည် လူမျိုးစုများသည် ဤ်တစ်ဖက် မြန်မာနိုင်ငံတွင် အမှန်တကယ် ရှိမနေကြောင်းကို ကျွန်ုပ်တို့သက်တမ်းနှင့်အမျှ သိရှိခဲ့ကြပြီး ဖြစ်ပါသည်။ သို့စဉ်လျှက် အတိဒုက္ခရောက်လာသူ ဘင်္ဂလီလှေစီးဒုက္ခ သည်များကို ကူညီကယ်တင်ရေးထက် "ရိုဟင်ဂျာဒုက္ခသည်များ"ဟု တံဆိပ်ကပ်ကာ "တိုင်းပြည်မဲ့ရိုဟင်ဂျာ များ"ကို ခွဲခြားဆက်ဆံခြင်းမလုပ်ရန် အမေရိကန်သမ္မတက တောင်းဆို၍  "ခုတ်ရာတခြား၊ ရှရာတလွဲ" မြန်မာ နိုင်ငံအပေါ် ဖိအားပေးနေခြင်းသည် နိုင်ငံတကာမိသားစုဝင် မြန်မာနိုင်ငံအပေါ် ဆီလျှော်ခြင်း မရှိသောလုပ်ရပ်ဟု ရှုမြင် ပါသည်။

        ထို့ကြောင့် မြန်မာနိုင်ငံပြည်သူများ၏ဆန္ဒအရလည်းကောင်း၊ ယင်းပြည်သူများ၏ အချုပ်အခြာအာဏာ ပိုင် အခွင့်အရေးများအရလည်းကောင်း၊ ဤကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုသမ္မတတို့၏ သံတမန်ရေး ဖိအားပေးပြောကြားနေမှုများကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ခမောက်ပါတီမှ ပြည်သူ့ဆန္ဒနှင့်အညီ ကန့်ကွက်ပါကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

 

                                                  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                                               အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment