Sunday, June 28, 2015

NDF PRESSRELEASE 25-2015 လွှတ်တော်ကိုယ်စားလှယ်လောင်းများ အလုပ်ရုံဆွေးနွေးပွဲ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့    

သတင်းထုတ်ပြန်ချက်အမှတ် ( ၂၅ / ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဇွန်လ(၂၈)ရက်

 

၂၀၁၅ရွေးကောက်ပွဲဝင် Ndf လွှတ်တော်ကိုယ်စားလှယ်လောင်းများ

အလုပ်ရုံဆွေးနွေးပွဲ ၁/၂၀၁၅ ကျင်းပပြုလုပ်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ၂၀၁၅ရွေးကောက်ပွဲဝင် Ndf လွှတ်တော်ကိုယ်စားလှယ် လောင်းများ အလုပ်ရုံဆွေးနွေးပွဲ ၁/၂၀၁၅ ကို ၂၈-၆-၂၀၁၅ ရက်နေ့ နံနက် ၈း၃၀နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဒိုင်းမွန်းကွန်ဒိုရှိ စကားဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

        ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြ မည့် NDFပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြသည်။  ဖွင့်ပွဲအခမ်း အနားသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်ခင်ဝိုင်း ကြည်၊ ဦးခိုင်မောင်ရည်နှင့် ဦးအောင်ဆန်းတို့နှင့် လေ့လာသူများ စုစုပေါင်း တစ်ရာခန့် တက်ရောက်ခဲ့ကြသည်။

        အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဘိုဘိုကျော်ငြိမ်းမှ Campagin Method for Election ၊ Dr- Salai Ngun CungLian မှ  Current Constitution  ၊ ဦးဇေယျသူမှ နိုင်ငံရေးဘောဂဗေဒနှင့် ဒေါက်တာမင်းဇော်ဦးမှ ငြိမ်းချမ်းရေး နှင့် ရွေးကောက်ပွဲ ခေါင်းစဉ်များဖြင့် ဟောပြောပို့ချပြီး တက်ရောက်လာသော သင်တန်းသားများ၏  သိရှိလိုသည်မေးမြန်းချက် များကို ရှင်းလင်းဖြေကြားခဲ့သည်။

          ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ပထမရက်ကို  ညနေ ၅း၀၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

          သင်တန်းဒုတိယနေ့ကို  ၂၉-၆-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ မေရီချပ်မဲန် ဆွံ့အနားမကြားကျောင်းတွင်  ကျင်းပပြုလုပ်မည်ဖြစ်ပြီး NDF ပါတီခေါင်းဆောင်များဖြစ်သော ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးတိုးပို၊ဒေါက်တာဝင်းနိုင်၊ ဦးနေမင်းကျော်နှင့် ဦးကြီးမြင့်တို့က  ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို  ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။

No comments:

Post a Comment