Saturday, December 13, 2014

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဆွေးနွေးပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၅၆/၂၀၁၄)

ရက်စွဲ။ ၁၃-၁၂-၂၀၁၄

 

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဆွေးနွေးပွဲ ကျင်းပ

ဆွတ်ဇာလန်သံရုံးမှ ကြီးမှူးကြီင်္းပသော မြန်မာ့နိုင်ငံရေးပါတီများအတွက်  ၂၀၁၅ ရွေးကောက်ပွဲတွင် တရားမျတစွာ ယှဉ်ပြိုင်နိုင်ကြရေးကို ဦးတည်သည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းများ Code of conduct အကြောင်း ဆွေးနွေးပွဲကို ၁၃-၁၂-၂၀၁၄ ရက်နေ့ မနက် ၉း၀၀နာရီတွင်  ရန်ကုန်မြို့၊မီကာဆာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ USDPပါတီ၊  NLDပါတီ၊ NUPပါတီ၊ NDF ပါတီတို့မှ ကိုယ်စားလှယ်များ၊ ,UNA, FDA, NBF အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရှစ်ဆယ့်ရှစ်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ကြသည်။

         ထိုဆွေးနွေးချက်များအရ ပါတီများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ရေးသားခြင်းထက် နိုင်ငံရေးပါတီများမှ စုပေါင်းရေးသားခြင်းက ပိုမိုကောင်းမွန်ကြောင်း ကို တက်ရောက်လာသော ပါတီကိုယ်စားလှယ်များအားလုံးက သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် ထိုသို့ ရေးဆွဲရာတွင်လိုအပ်သောအကူအညီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကူညီပေးရန်နှင့် နိုင်ငံရေးပါတီများဘက်မှ မိမိတို့ ပါတီနှင့်အစုအဖွဲ့အလိုက် ယနေ့ဆွေးနွေးချက်များကို သက်ဆိုင်ရာပါတီနှင့် အဖွဲ့အစည်းများသို့ ပြန်လည်တင်ပြကြပြီး  ၂၁ ဦးပါဝင်သော မူဘောင်ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းရန်နှင့် ငါးလအတွင်း အပြီးရေးဆွဲကြရန် သဘောထားပေးခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုဥပဒေအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်နှင့် သုတေသနအဖွဲ့တာဝန်ခံ ဦးကျော်သူငြိမ်းတို့ တက်ရောက်ဆွေးနွေးခဲ့ ပြီး ဆွေးနွေးပွဲသည် ညနေ ၅း၀၀နာရီတွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

         ယခုဆွေးနွေးချက်များကိုလည်း ၁၅ ရက်နေ့တွင်ပြုလုပ်မည့် ကော်မရှင်နှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲ တွင် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment