နယ်စပ်ကလက်နက်ကိုင်အဖွဲ့တွေ့ရဲံ့အတွေးနဲ့
ပြည်တွင်းက ကျွန်တော်တို့ရဲ့အတွေး တော်တော်ဟနေပါလား။
အရင်းကျကျ အပြောင်းအလဲ ဘာများရှိလို့လဲ။
အပေါ်ယံအပြောင်းအလဲတွေတဲ့။
အာဏာခွဲဝေမှုလုပ်မှသာ တကယ့်အပြောင်းအလဲဆိုပဲ။
အင်း ၂၀၁၀ အရင်ဘက်နဲ့ ဒီဘက်
အတူတူများ ဖြစ်နေသလား။
အာဏာခွဲဝေမှုလုပ်ရအောင်ကလည်း သူကရှုံးနေတဲ့သူမှ မဟုတ်သလို
ကိုယ်ကလည်း နိုင်ထားတဲ့သူမှ မဟုတ်တာ။
သူ့လမ်းကြောင်း၊ သူ့အစီအစဉ်နဲ့ အပြောင်းအလဲကို လုပ်နေတော့
ဟနေတဲ့နေရာကနေ ၀င်တိုးရမှာက ကိုယ်တို့အလုပ်
အတွေးပြောင်းအောင် လုပ်ပေးရမှာကလည်း ကိုယ်တို့အလုပ်
အချိန်ယူရမယ်။ ကြာမယ်။
ချက်ခြင်းကြီးကို ဖြစ်စေချင်နေကြတော့လည်း
ဘာပြောရမှန်းတောင် မသိတော့ဘူး။
သူက ခင်ဗျားကို ယုံပြီလား။
သူယုံအောင် ခင်ဗျားတို့ လုပ်ပြနိုင်ပြီလား၊
ခင်ဗျားက သူ့ကိုယုံဖို့ထက်
သူက ခင်ဗျားကိုယုံဖို့ဆိုတဲ့နှစ်ခုမှာ ဘာက ပိုအရေးကြီးသလဲ။
ယုံကြည်မှုပျက်နေတဲ့ လောကကြီးမှာတော့
ဒရွတ်ဆွဲလို့ တရွေ့ရွေ့သွားနေရင်းနဲ့ပဲ
အခြေအနေ အပြောင်းအလဲက တဖြည်းဖြည်းဖြစ်လာမယ်ထင်တယ်။
ဒါကတော့ ကျွန်တော့်အတွေးပါ။
မိုးကုတ်ကိုတိုး( ၅-၁၁-၂၀၁၄)

#to be happy#
$$ kotoetoe $$
$$ kotoetoe $$
No comments:
Post a Comment