အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ( ၄၉-၂၀၁၄)
ရက်စွဲ။ ၂၂-၉-၂၀၁၄
နေပြည်တော် ဇမ္ဗူသီရိတွင် NDF ပါတီမြို့နယ်ရုံးဖွင့်လှစ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဇမ္ဗူသီရိမြို့နယ်ရုံးဖွင့်လှစ်ပွဲကို ၂၁-၉-၂၀၁၄ရက်နေ့၊ နံနက် ၁၁း၀၀ နာရီတွင် မြို့နယ်ရုံး တည်ရှိရာ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ ဦးဇော်လွင်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်ရုံးဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသောလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်၊ ဗဟိုသတင်းနှင့် ပြန်ကြား ရေးမှူးဦးတိုးတိုး၊ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်းထွန်းနှင့် ဒေါ်နန်းကြူသန်းဝင်း၊ဒေါ်သော်တာဆိုင်၊ ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့မှ ဒေါ်အေးအေးမော်နှင့် ဒေါ်ခင်ဖြူဖြူငြိမ်း၊ ဗဟိုလူငယ်တာဝန်ခံ ဦးကျော်သူရနှင့် ရန်ကုန်တိုင်းလူ ငယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဦးကျော်ထက်၊ လယ်ဝေးမြို့နယ်၊ ဗုဗ္ဗသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ထိုရုံးဖွင့်ပွဲတွင် တက်ရောက်လာသူုများနှင့် ပါတီဗဟိုခေါင်းဆောင်များအား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ ပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အမှာစကားပြောကြားခဲ့ပါသည်။
၂၁၀၉၀၂၉၁၄ရက်နေ့ နံနက် ၈း၀၀နာရီအချိန်တွင်လည်း ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ရပ်ကျေးရုံးဖွင့်ပွဲနှင့် ပြည်သူလူထုနှင့်တွေ့ဆုံပွဲ ကို ပြုလုပ်ခဲ့သည်။ ထိုရုံးဖွင့်ပွဲသို့ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး NDF ပါတီဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို ပါတီဒုဥက္ကဌ စမ်းချောင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ရန်ကုန်တိုင်းဒေသကြီးအမျိးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့မှလည်းကောင်း၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပါတီ၏အနေအထား၊ ပါတီသွားရောက်နေသည့် လမ်းကြောင်းနှင့် ပြည်သူလူထုအတွက် လွှတ်တော်အတွင်း နှင့်လွှတ်တော်ပြင်ပလုပ်ဆောင်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ လူငယ်တာဝန်ခံဦးကျော်သူရမှ လူငယ်နှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
တက်ရောက်လာသူများက သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ ပါတီမှ ကူညီဆောင်ရွက်ပေးရန် အတွက် တင်ပြခဲ့ကြရာတွင် ပါတီခေါင်းဆောင်များ က ပြန်လည်ဖြေကြားခဲ့သည်။ သက်ဆိုင်ရာအထောက်အ ထားများ အပြည့်အစုံဖြင့် တင်ပြကြရန် မှာကြားခဲ့သည်။
ထိုရုံးဖွင့်နှင့်တွေ့ဆုံပွဲကို နံနက် ၁၀း၃၀ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
NDFပါတီ တောင်ငူခရိုင်ရုံးနှင့်တောင်ငူမြို့နယ်ရုံးဖွင့်လှစ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တောင်ငူခရိုင်ရုံးနှင့် တောင်ငူမြို့နယ်ရုံးဖွင့်ကို ၂၀-၉-၂၀၁၄ရက်နေ့ နံနက် ၁၁း၀၀ နာရီက တောင်ငူမြို့၊ ၂၁ရပ်ကွက်၊ ဇေယျာခင်ဦးလမ်း၊အိမ်အမှတ် ၅ တွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူခရိုင်ရုံးဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်၊ဗဟိုသတင်းနှင့်ပြန်ကြား ရေးမှူးဦးတိုးတိုး၊ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်းထွန်းနှင့် ဒေါ်နန်းကြူသန်းဝင်း၊ဒေါ်သော်တာဆိုင်၊ ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့မှ ဒေါ်အေးအေးမော်နှင့် ဒေါ်ခင်ဖြူဖြူငြိမ်း၊ ဗဟိုလူငယ်တာဝန်ခံ ဦးကျော်သူရနှင့် ရန်ကုန်တိုင်းလူ ငယ်တာဝန်ခံ ဦးအောင်ကိုကို၊ ပဲခူးတိုင်းဥက္ကဌ ဦးမြတ်မိုးနှင့် တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်များမှ စည်းရုံးရေးကော်မတီဝင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဦးသီဟထွန်း၊ အခမ်းအနားမှူးအဖြစ် ဦးဇင်လင်းထွဋ်တို့မှ ဆောင်ရွက်ခဲ့သည်။ တက်ရောက်လာသူများနှင့် ပါတီခေါင်းဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် သဘာပတိမှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ပါတီဥက္ကဌဦးခင်မောင်ဆွေမှ NDF ပါတီနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြရာတွင် ပါတီဒုဥက္ကဌ စမ်းချောင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ရန်ကုန်တိုင်းဒေသကြီးအမျိးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့မှလည်းကောင်း၊ အသီးသီးပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီမှ ဦးမြင့်သိန်းက ပဲခူးတိုင်းအတွင်း ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
တက်ရောက်လာသူများမှ သိရှိလိုသော မေးမြန်းချက်များကို ပါတီခေါင်းဆောင်များနှင့်လွှတ်တော်ကိုယ် စားလှယ်များက အသီးသီးဖြေကြားခဲ့ကြပြီး ရုံးဖွင့်ပွဲကို နေ့လည် ၁း၃၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။





No comments:
Post a Comment