အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ( ၃၉-၂၀၁၄)
ရက်စွဲ။ ၃၀-၈-၂၀၁၄
NDFပါတီ၏ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အဆိုပြုအချိုးအစား ပုံစံ(မူကြမ်း)ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပါဝင်ရမည့် အဆိုပြု အချိုးအစားပုံစံ (မူကြမ်း)ကို ယနေ့ ၃၀-၈-၂၀၁၄ ရက်နေ့တွင် MPC တွင် ကျင်းပပြုလုပ်သော ၁၈ကြိမ် မြောက် State Building လစဉ်အစည်းအဝေးတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် အတွင်းရေးမှူး(၂) ဦးနေမင်း ကျော် တို့မှ တင်ပြဆွေးနွေးခဲ့သည်။
ထိုမူကြမ်းသည် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ အဆိုပြုပုံစံသာ ဖြစ်ပြီး မကြာမီ ကျင်းပြပြုလုပ်မည့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA ) အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။ ထိုပုံစံကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA )အဖွဲ့၏ အဆိုပြုပုံစံကို အများပြည်သူ သိရှိနိုင်ရန်အတွက် ထုတ်ပြန်မည် ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA )အဖွဲ့အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရာတွင် ပါတီအဖွဲ့အစည်းများအနေဖြင့် တူညီသော သဘောထားများ ရယူနိုင်ရန်အတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပြီး သဘောထားများကို ဖလှယ်ရန်အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment