Sunday, August 3, 2014

ပီအာရှင်းလင်းပွဲ မြောက်ဥက္ကလာပ NDF ပါတီရုံးတွင် ပြုလုပ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၃၆-၂၀၁၄)

ရက်စွဲ။ ၃-၈-၂၀၁၄

 

ပီအာရှင်းလင်းပွဲ မြောက်ဥက္ကလာပ NDF ပါတီရုံးတွင် ပြုလုပ်

         အချိုးကျကိုယ်စားပြုရွေးချယ်တင်မြှောက်ရေးစနစ် ပီအာနှင့်ပတ်သက်၍ ပါတီဝင်များအား ရှင်းလင်းပြော ကြား ခြင်း အခမ်းအနားကို ၃-၈-၂၀၁၄ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် NDF ပါတီ၊ မြောက်ဥက္ကလာပ မြို့နယ်ရုံးတွင် ကျင်းပပြု လုပ် ခဲ့သည်။

         ထိုရှင်းလင်းပွဲသို့ ဗဟိုအလုပ်မအမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသက်ထွန်းမောင်၊ ဦးတိုးတိုး၊ ဦးထက်အောင်ကျော်၊နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြောက်ဥက္ကလာပမြို့နယ်စည်းရုံးရေးကော် မတီဝင်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

         ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်က ယနေ့ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းအကြောင်းရင်းများကို ပြောကြားပြီး  NDF လူငယ်တာဝန်ခံ ဦးကျော်သူရက ပီအာ စနစ်နှင့် ပတ်သက်၍ ပမာဏပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုးမှ ပီအာစနစ်နှင့် ပတ်သက်၍ သမိုင်းကြောင်းနောက်ခံနှင့် ပါတီအနေဖြင့် ထိုစနစ်ကို မြန်မာပြည်တွင် အသုံးပြုရေးအတွက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ လွှတ်တော်နှစ်ရပ်အတွင်း ဆောင်ရွက်နေမှုအခြေအနေများနှင့်  စနစ်နှစ်ခု  အားသာချက်၊ အားနည်းချက်များ၊ ပီအာစနစ်တွင်အသုံးများသော စနစ်များနှင့် မြန်မာနိုင်ငံတွင် ကျင့်သုံးနိုင်ဖွယ် ရှိသည့် စနစ်များအကြောင်း၊ ထိုစနစ်အရ ပါတီမှ လုပ်ဆောင်ရမည့်အချက်များ၊ ၀င်ပြိုင်မည့်အမတ်လောင်းများ ဆောင်ရွက်ရမည့် အချက်များနှင့် မဲပေးရမည့် ပြည်သူများအနေဖြင့် သိသင့်သည့်အချက်များ၊ မဲပေးပုံပေးနည်း နှင့် မဲရေတွက်ပုံများ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

       ဦးထက်အောင်ကျော်မှ ပါတီ်၏ နိုင်ငံရေးမူဝါဒနှင့် စီးပွားရေးမှုဝါဒများ ဖြစ်ပေါ်လာပုံနှင့် အဓိပ္ပါယ် အကျဉ်းချုပ်၊ ပါတီ၏ ရှေ့ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး  ဦးသက်ထွန်းမောင်မှ မြို့နယ်စည်းများအနေဖြင့် ယနေ့ပါတီခေါင်းဆောင်များ ရှင်းလင်းပြောကြားမှုကြောင့် ပီအာနှင့်ပတ်သက်၍ မိမိတို့သိရှိနားလည်ထားသည်များကို ပြည်သူလူထုအတွင်း ဆက်လက်ဖြန့်ဝေပေးရန် မှာကြားကာ ပီအာရှင်းလင်းပွဲအား ညနေ ၄း၀၀ နာရီတွင် အောင်မြင့်စွာရုပ်သိမ်းခဲ့ပါသည်။

         အချိုးကျကိုယ်စားပြုစနစ်နှင့်ပတ်သက်၍ ပါတီဝင်များအား ရှင်းလင်းပြောကြားပွဲကို ၂၆-၇-၂၀၁၄ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာရုံးဖွင်ပွဲတွင်  စတင်ပြုလုပ်ခဲ့ပြီး  မကြာမီ မြို့နယ်အလိုက် ပါတီ ၀င်များနှင့် ပြည်သူလူထုအား ရှင်းလင်းပြောကြားပွဲများ လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment