ရေတွင်းထဲကဖားသူငယ်လေးကျွန်တော်
( နွားခြေရာခွက်ကသေးနေလို့)
ကိုယ်နေတဲ့ရေတွင်းကလေးတုန်းက
အပြင်ကမ္ဘာကြီး ဘယ်လောက်ကျယ်မှန်းမသိ
ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် အပျော်ကြီးပျော်၊
အဟုတ်ကြီးဟုတ်နဲ့
အလုပ်ကိုဖြစ်လို့။
ဟိုလိုကလေးလုပ်လိုက်
ဒိလိုကလေးလုပ်လိုက်နဲ့
တကယ့်အလုပ်ကြီးလုပ်နေရသလို။
ကံအကြောင်းမသင့်တော့လည်း
ဘတ်ကနဲ ရေတွင်းအပြင် ရောက်သွားမိလိုက်တယ်။
ကိုယ်မြင်တဲ့ ကမ္ဘာက ကျယ်လှချည်လား
ကိုယ်တွေ့ရတဲ့ အတွေးရောင်စုံကမ္ဘာက
ရောင်ခြယ်တွေ များမှ များ၊
မြင်ရကြုံရ လုပ်ရကိုင်ရတာတွေက
ရေတွင်းထဲတုန်းကနဲ့မတူ
များမှများ၊ ပေါမှပေါ၊
ဦးနှောက်စားမှစား။
အရင်က ဖြစ်ချင်တာတွေ အရမ်းများခဲ့။
တစ်ဖက်အနေအထား၊
အခြားသူတွေအနေအထား
ကိုယ့်အနေအထားတွေ မစဉ်းစားမိခဲ့။
သူပြောတာအမှန်၊
သူလုပ်တာအမှန်
အပေါ်ကလာမယ့် ညွှန်ကြားချက်ကိုစောင့်နေတာတို့
သူထွက်လာရင် လုပ်ပြပါလိမ့်မယ်ဆိုတဲ့
မျှော်လင့်ချက်အတွေးတွေနဲ့
ကိုယ့်ကမ္ဘာကြီးထဲမှာ ပျော်နေမိခဲ့တယ်။
အပြင်ကမ္ဘာရောက်လာတော့မှ
ကိုယ့်တစ်ဖက်ထဲတင် ကြည့်ရမှာမဟုတ်ပါလား။
ထည့်သွင်းစဉ်းစားရမှာတွေက အများကြီး
မြန်မာ့နိုင်ငံရေးရှုတ်ထွေးသလောက်
ထည့်သွင်းတွက်ချက်ရမှာတွေကလည်း
များမှများ။ ပေါမှပေါ။
လူတစ်ယောက်နဲ့ငြင်းဖူးခဲ့တာ ပြန်အမှတ်ရမိ။
အန်စာတုံးမှာ မျက်နှာခြောက်ဖက်ရှိတာကို
မြင်အောင်ကြည့်ဖို့လိုတယ်၊
ပေါ်နေတဲ့တစ်မျက်နှာတည်းကို အာရုံမစိုက်ပါနဲ့ဆိုတော့
အောက်မျက်နှာပြင်ကို ဘယ်လိုကြည့်မလဲတဲ့။
လွယ်လိုက်သမျှ လွယ်၊
မြင်အောင် မပြီးကြည့်ပေါ့။
မလွယ်တာကတော့
ဒီလို မြင်အောင်မပြီးကြည့်ဖို့အတွက်
စိုက်ထုတ်ရမယ့်အား လိုနေတာပါ။
မှန်မှန်ကန်ကန်မြင်နိုင်တဲ့အားနဲ့ဆိုရင်
မြင်နိုင်ပေမယ့်
အရောင်ဖက်တဲ့ အားနဲ့ကြည့်မယ်ဆိုရင်တော့
မဖို့တောင် မလွယ်၊မြင်ဖို့ဆိုဝေးသေး။
အဲ့ဒီတော့လည်း
ရေတွင်းထဲက ထွက်လာမိတဲ့ ဖားသူငယ်လေး
ခေါင်းထဲဆန့်သလောက်၊
ဥာဏ်လေးမှီသလောက်
မြင်နေမိတဲ့ ကမ္ဘာလောကရဲ့မြင်ကွင်းလေးကို
ပြောနိုင်သလောက်လေး ပြောနေပါကြောင်း။
မိုးကုတ်ကိုတိုး( ၈-၇-၂၀၁၄)
$$ kotoetoe $$
No comments:
Post a Comment