Thursday, July 10, 2014

ယူနတီသတင်းဂျာနယ်နှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၂/၂၀၁၄ )

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်

 

ယူနတီသတင်းဂျာနယ်နှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်

ယနေ (၁၀-၇-၂၀၁၄)ရက်နေ့တွင် ပခုက္ကူတရားရုံးမှ ယူနတီဂျာနယ်မှ ဦးတင့်ဆန်း၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုး၊ ဦးလူမော်နိုင် တို့ကို လျှို့ဝှက်လက်နက်စက်ရုံအကြောင်း ရေးသားခဲ့မှုဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ် ယနေ့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကြားသိရပါသည်။

ထိုသတင်းကို ကြားသိရသဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဂျာနယ်အယ်ဒီတာနှင့်  သတင်းထောက်များအတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ထိုသူများအား  ယခုကဲ့သို့ မြင့်မားသော ပြစ်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့ခြင်းကိုလည်း လွန်စွာစိုးရိမ်မိပါသည်။ ကြီးလေးသောပုဒ်မများတပ်၍ အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းသည် လက်ရှိပွင့်လန်းလာနေသည့်မြန်မာ့မီဒီယာလောကအတွက်  သတိပေးခေါင်း လောင်းသံသဖွယ် ဖြစ်နေပါသည်။ ယခုအသစ်ပြဋ္ဌာန်းထားသော သတင်း မီဒီယာဥပဒေများအရ အရေးယူ ဆောင်ရွက်သင့်ပြီး ထိုက်သင့်သော ငွေဒဏ်၊ထောင်ဒဏ်များကိုသာ ချမှတ်သင့်ကြောင်း ပါတီအနေဖြင့် သဘော ရရှိပါသည်။

         ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသော ယနေ့အချိန် တွင် သတင်းမီဒီယာများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment