အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း ဒုတိယနေ့ဆက်လက်ပို့ချ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်တွင် ပို့ချလျှက်ရှိသော ပါတီဝင်များအတွက် စွမ်းရည်ဖွံ့ဖြိုးရေး သင်တန်း အမှတ်စဉ် ၁/၂၀၁၃ ဒုတိယနေ့ကို ၃၀-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ပို့ချသည်။
သင်တန်းမနက်ပိုင်းအစီအစဉ်အရ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာကျော်ရင်လှိုင်က ဒီမိုကရေစီနှင့် သက်ဆိုင်သော အကြောင်းအချက်များနှင့် ပြည်သူလူုထုကို တာဝန်ခံသော အစိုးရဖြစ်စေ ရေးအတွက် လိုအပ်ချက်များကို ဟောပြောပို့ချခဲ့သည်။
နေ့လည် ၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါ်ရည်မွန်သက်က အခြေခံဥပဒေအကြောင်းနှင့် သြစတေလျနိုင်ငံအခြေခံဥပဒေအကြောင်း၊ ဒေါက်တာ ဆလိုင်းငွန်းကျုံးလျန်က အခြေခံဥပဒေအကြောင်းနှင့် ၂၀၀၈အခြေခံဥပဒေအကြောင်းအချက်များ၊ ဖယ်ဒရယ်စနစ်နှင့် ၂၀၀၈အခြေခံဥပဒေ၊ ပြင်ဆင်ရမည့် အချက်များ ကို ရှင်းလင်းပို့ချခဲ့သည်။
သင်တန်းကို ၃၁-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက သင်တန်းပို့ချမည်ဖြစ်သည်။

No comments:
Post a Comment